Saturday, January 16, 2016

နောက်ထပ်ခြေလှမ်းသာ ဖြစ်စေချင်ပါတယ်

နောက်ထပ်ခြေလှမ်းသာ ဖြစ်စေချင်ပါတယ် -------------------------------------------------- မြန်မာ့သမိုင်းကြောင်းနဲ့ ပက်သတ်လို့  သမိုင်းမှာ မြန်မာနိုင်ငံဟာ ဦးထောင်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အုပ်ချုပ်သူ မင်းတွေရှိခဲ့သလို၊ မစွမ်းဆောင်နိုင်ပဲ နိုင်ငံပြိုလဲအောင် ဆောင်ရွက်ခဲ့တဲ့ နန်းတက် မင်းဆက်တွေလည်း ရှိခဲ့ပါတယ်။ထိုကဲ့သို့  နိုင်ငံတော်ပြိုလဲအောင် လုပ်ခဲ့တဲ့ အုပ်ချုပ်သူ မင်းများကို ပြန်ကြည့်မယ်ဆိုရင် မင်းအာဏာကို ရူးသွပ်မက်မောသူများဖြစ်တာကိုတွေ့ ရမှာဖြစ်ပြီး အာဏာ လက်ဝယ်ရောက်လာတဲ့အခါ တိုင်းပြည်အတွက် ဘာတစ်ခုမှ မစွမ်းဆောင်နိုင်ခဲ့ဘဲ နောက်ဆုံး လုံးပါးပါးခဲ့တာတွေ မြင်တွေ့ ရမှာပါ။ ပထမမြန်မာနိုင်ငံတော် ပျက်သုဉ်းရခြင်းမှာ ပုဂံမင်းဆက် နောက်ဆုံးမင်းဆက်ဖြစ်သည့် နရသီဟ ပတေ့(မင်းခွေချေး၊ တရုတ်ပြေးမင်း) လက်ထက်မှာ တရုတ်နဲ့ အမှားမှားအယွင်းယွင်းဖြစ်ကာ စစ်မက်များဖြစ်ပွားခဲ့ရတယ်။ဥရောပတိုက် အရှေ့ပိုင်း အာရှတိုက်အလယ်ပိုင်း နှင့် တရုတ်နိုင်ငံကြီး တခုလုံးကို တိုက်ခိုက်အောင်မြင်လိုက်တဲ့ တာတာတို့ရဲ့ ဧကရာဇ်ဘုရင်ကုဗလိုင်ခန်၏ သံတမန် အဖွဲ့ ကိုလည်း မိုက်မဲစွာ သတ်ဖြတ်ခဲ့တာကြောင့် နောက်ဆုံးမှာ တရုတ်တာတာများ၏ တိုက်ခိုက်မှုကြောင့် ပထမမြန်မာနိုင်ငံ ကျခဲ့ရပါတယ်။ထိုမင်းသည် ပညာရှိအမတ်ကြီး ရာဇသက်ြန်နှင့် လိမ္မာရေးခြားရှိတဲ့ မိဖုရားဖွားစော တို့ကိုပင် အတိုက်ခံပြု၍ မိမိထင်ရာပြုလုပ်လေ့ရှိသော မင်းတပါးဖြစ်ပါတယ်။ ဒုတိယမြန်မာနိုင်ငံတော်ပျက်သုဉ်းရခြင်းမှာ နတ်သျှင်နောင်မင်း၏ စိတ်ဓာတ်ပျော့ညံ့မှုကြောင့် တိုင်းတပါး သား ငဇင်ကာကိုအားကိုမိရာ အနောက်ဘက်လွန်မင်းကပင်ပြန်ကွပ်မျက်ခဲ့ရကာ နိုင်ငံတော်ပျက်သုဉ်း သွားခဲ့ရပါတယ်။ ဘုရင့်နောင်မင်းတရားကြီး ထူထောင်ခဲ့သော် ဒုတိယမြန်မာနိုင်ငံတော်ကြီးအဆုံးသတ် ဟာ တိုင်းတပါးကို အလွန်အမင်းအားကိုးလိုစိတ်ကြောင့် ပျက်သုဉ်းခဲ့တာကို တွေ့ ရမှာပါ။ တတိယမြန်မာနိုင်ငံတော်မှာ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းလက်ထက် မှာ နန်းတွင်းရှိ ပညာရှိမူးကြီးမတ်ကြီး၊ စစ်သေနာပတိများကို ဥပေက္ခာပြုပြီး ပညာနည်းသည့်သူများအား အစားထိုးနေရာပေးခြင်းတို့ ကြောင့် နယ်ချဲ့ အင်္ဂလိပ်တို့ ရဲ့လက်အောက်သို့ ကျရောက်ကာ အလောင်း မင်းတရားကြီး ဦးအောင်ဇေယျတည် ထောင်ခဲ့တဲ့ တတိယမြန်မာနိုင်ငံတော်ကြီး ပျက်သုဉ်းခဲ့ရပါတယ်။ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ပျက်သုဉ်းခဲ့ရတာတွေကို ကြည့်မယ်ဆိုရင် ပညာဥာဏ်နည်း တဲ့သူတွေ တိုင်းပြည်အတွင်း နေရာရလာတဲ့ အကြောင်းအရင်း တစ်ခုဟာ ခိုင်ခိုင်မာမာရှိခဲ့တာ ကိုတွေ့ ရမှာပါ။နောက်ပြီး မြန်မာနိုင်ငံတော်ရဲ့ သမိုင်းတလျှောက်မှာ ဘာသာတရားကို အလေးထား ဆောင်ရွက်ခဲ့တဲ့မင်းတွေဟာ ခေတ်အဆက်ဆက် တန်ခိုးအာဏာကြီးမားတာကိုလည်း တွေ့ ရ မှာဖြစ်ပါတယ်။ ရှေးခေတ်နိုင်ငံတော်ကြီးတွေကို ကြည့်မယ်ဆိုရင် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်စတာတွေဟာမင်းဆက်ပေါင်းများစွာ ဖြတ်သန်းပြီးမှ နောက်ဆုံးပျက်သုဉ်းခဲ့ပါတယ်။ ထိုသို့ ဆိုရင် စတုတ္ထမြန်မာနိုင်ငံတော်လို့ ဆိုရမယ့် သမ္မတကြီးစပ်ရွှေသိုက်လက်ထက်မှ သမ္မတကြီး ဦးသိန်းစိန်လက်ထက်ထိ ကြံ့ကြံ့ခိုင် ရပ်တည်လာတဲ့ မြန်မာနိုင်ငံတော်ဟာ နောက်ထပ် သမ္မတ ဘယ်နှစ်ဆက်မြောက်မှာ ပျက်သုဉ်းမှာလဲ။ သမိုင်းတလျှောက်ပြန်ကြည့်ရင် နောက်တက်လာတဲ့ ဘုရင်တွေရဲ့ညံ့ဖျင်းမှုတွေကြောင့်ဆိုတာ ညင်းလို့ မရ ပါဘူး၊ ပညာဥာဏ်နည်းတဲ့သူတွေ နန်းတွင်းနေရာရလာတာတွေကြောင့်ဆိုတာလည်း ညည်းလို့ မရပါဘူး၊ တိုင်းတပါးသားတွေ၊ လူမျိုးခြားတွေရဲ့ စည်းရုံးမှုကို အလွယ်တကူခံလိုက်ရတဲ့ သာဓကတွေလည်း သမိုင်းတလျှောက်မှာရှိတာကို ညင်းလို့ မရပြန်ဘူး။ နှစ်ပေါင်းရာ၊ ထောင် ချီပြီး ထည်ထည်ဝါ၀ါနေခဲ့တဲ့ မြန်မာနိုင်ငံတော်ကြီးဟာ စတုတ္ထမြန်မာနိုင်ငံတော် လို့  ခေါ်ဆိုနိုင်တဲ့ ၁၉၄၈ခုနှစ် သမ္မတကြီး စ၀်ရွှေသိုက်မှစရဲ့ ၂၀၁၆ ခုနှစ်သမ္မတကြီး ဦးသိန်းစိန်အထိ နှစ်ပေါင်း ၆၈ နှစ် မယိုင်မလဲရပ်တည်နေနိုင်ခဲ့ပြီဖြစ်သည်။ ယနေ့ ၂၀၁၆ခုနှစ်စ၍ နောက်ထပ် နှစ်ပေါင်း ဘယ်လောက်ထိ မြန်မာနိုင်ငံဟာ ဆက်လက် ရပ်တည်နိုင်ပါ့မလဲ။ ရှေးမြန်မာနိုင်ငံတော်လို့  အရည်အချင်း ညံ့တဲ့မင်းတွေကြောင့် နိုင်ငံပျက်သုဉ်းသလိုများ ဖြစ်သွားနိုင်သလား။ ဘယ်လို ဘယ်ပုံစံနဲ့  ဖြတ်သန် သွားကြမလဲ။စဉ်းစားတွေးတောစရာပင် ဖြစ်တယ်။ သမိုင်းထဲက မြန်မာဟာ စစ်တလင်း စစ်ခင်းပြီး သွားနေရတဲ့ နိုင်ငံတစ်နိုင်ငံလို့ ဆိုရမှာဖြစ်ပါတယ်။ ကျူးကျော်စစ်အစ ပြည်တွင်းစစ်အဆုံး ယနေ့ ချိန်ထိ မြန်မာနိုင်ငံဟာ စစ်ရေးပိုင်းမှာလည်းဘယ်လိုမှ အားနည်းသွားလို့ မရဘူးဆိုတာကို သုံးသပ်လို့ ရနိုင်ပါတယ်။ ယနေ့ ကမ္ဘာမှာ မည်သို့ ပင် လူ့ အခွင့်အရေး တွေ၊ ငြိမ်းချမ်းရေးစကားတွေ ဆိုနေစေကာမူ တကယ်တမ်းတွင် ရှိရာလက်နက်ထုတ်ပြကာ အင်အားကြီးသူက နိုင်တဲ့သဘာဝကြီး ကျင့်သုံးနေတာကို တွေ့ ရမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့  ၂၀၁၆ ခုနှစ်ဟာ အဆုံးသတ်မည့်နှစ် မဖြစ်စေချင်ပါ။ ကမ္ဘာကိုတံခါးထပ်ခေါက်မယ့် နောက်ထပ်ခြေလှမ်းသာ ဖြစ်စေချင်သာအမှန်ပဲဖြစ်ပါတယ်။ True Man

No comments: