Saturday, January 9, 2016

ဆွာရက်ဇ်ကို ပြန်ခံစားစေဖို့ အသင့်စောင့်နေတယ်ဆိုတဲ့ အက်စ်ပန်ညို



The Mirror Daily's photo.


ဆွာရက်ဇ်ကို ဘာကြောင့် အက်စ်ပန်ညိုအသင်းသားတွေက ပွဲပယ်ပြစ်ဒဏ်မကျခံစေချင်ရတာလဲ။ ကိုပါဒယ်ရေးပွဲစဉ်မှာ လူနှစ်ယောက်လျော့ အနေအထားကြောင့်သာ ဘာစီလိုနာကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပြီး အဝေးဂိုးတစ်ဂိုးက ဘာစီလိုနာကို တုံ့ပြန်ဖို့ လုံလောက်တဲ့ အင်အားလို့ ယုံကြည်တဲ့အတွက် ဒုတိယအကျော့မှာ ဆွာရက်ဇ်ကို ပွဲပယ်ပြစ်ဒဏ်ကျခံစေချင်တဲ့ဆန္ဒမရှိဘဲ သူတို့ ဘာလုပ်ပြမလဲဆိုတာ စောင့်ကြည့်စေချင်တဲ့ ဆန္ဒတွေ အက်စ်ပန်ညိုအသင်းသားတွေအနေနဲ့ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒီပွဲမှာ အက်စ်ပန်ညိုက ဘာစီလိုနာကို လေးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အက်စ်ပန်ညိုမှ ဟာနန်ပီရက်ဇ်က နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရသလို ဒီယော့ပ်ကလည်း ဆွာရက်ဇ်ကို အဖျက်ကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ် နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လက်ကျန်ပွဲချိန်တွေမှာ ကိုးယောက်တည်းနဲ့ ဘာကာကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ပွဲစဉ်အပြီးမှာ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ဒီယော့ပ်နဲ့ အခြား အက်စ်ပန်ညိုအသင်းသားတွေကို စတင်စိန်ခေါ်ပြီး ရန်စခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို ကြီးကြပ်ခဲ့သူ ဒိုင်လူကြီး ဂျူအန်မာတီနက်ဇ်ရဲ့ အစီရင်ခံစာအရ အဝတ်လဲခန်းအသွား ဥမင်လျှောက်လမ်းထဲမှာ ဆွာရက်ဇ် က အက်စ်ပန်ညိုအသင်းသားတွေ ပြန်လည်ဝင်ရောက်လာချိန်ကို စောင့်ဆိုင်းပြီးပြဿနာရှာခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့နှုတ်ကလည်း '' အေး... မင်းတို့တွေကို စောင့်နေတာကြာပြီ။ လာလေ....ငါနဲ့တွေ့မယ်။ အလကားလူတွေ''စတဲ့ ကြမ်းတမ်းတဲ့ စကားတွေနဲ့ စတင်စိန်ခေါ်ပြီး ပဋိပက္ခအသွင်ဖြစ်စေဖို့ မီးမွှေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဘာကာကစားသမားတွေဖြစ်တဲ့ နေမာ၊ မာရှေယာနို၊ မူနာအယ်လ် ဟက်ဒါဒီတို့လည်း ဒီပြဿနာ ထဲမှာ ပါဝင်ခဲ့ကြပြီးနောက် နှစ်ဖက်အသင်းသားတွေပါ ပါဝင်လာတဲ့ ပဋိပက္ခအခြေအနေဆီကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့် လုံခြုံရေးတာဝန်ယူထားသူတွေက လူစုခွဲပြီး အခြေအနေကို ငြိမ်သက်အောင် ဆောင်ရွက်ခဲ့ရပါတယ်။ အနီကတ်နဲ့ ထုတ်ပယ်ခံရသူ ဒီယော့ပ်က ကွင်းထဲမှ မထွက်ခွာရမီ ဆွာရက်ဇ်ကို '' ပြည့်တန်ဆာမရဲ့သား''လို့ ပြောခဲ့တာကြောင့် ဆွာရက်ဇ် က မခံမရပ်နိုင်ဖြစ်ပြီး အခုလို ပြဿနာရှာခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ တစ်ဖက်နဲ့ တစ်ဖက်ဝေဖန်မှုတွေရှိနေပြီး စပိန်ဘောလုံးအဖွဲ့ချုပ်က ဆွာရက်ဇ်ကို သေချာပေါက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့စီစဉ်နေပါတယ်။ ဒါပေမယ့် အက်စ်ပန်ညိုအသင်းသားများအနေနဲ့ ဆွာရက်ဇ်ကိုပွဲပယ် ပြစ်ဒဏ်ကျခံစေလိုတဲ့ ဆန္ဒမရှိဘဲ လာမယ့်ဇန်နဝါရီ ၁၃ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့ဘာလုပ်ပြနိုင်လဲဆိုတာကို သက်သေပြပြီး ဆွာရက်ဇ်နဲ့ ဘာစီလိုနာအသင်းသားတွေ ပြန်လည်ခံစားစေဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
အက်စ်ပန်ညိုအသင်းသားတွေက သူတို့အနေနဲ့ ကိုးယောက်သာ ကျန်ရှိခဲ့တဲ့အနေအထားမှာ ဘာကာတိုက်စစ်မှူး နေမာရဲ့ လမ်ဘရက်တာအပေါ် ပြုမူခဲ့တဲ့ ကိစ္စရပ်အပေါ်လည်း အတော်လေးမကျေမနပ်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အိမ်ကွင်းအယ်ပရက်ဂ်မှာ အိမ်ရှင်ပရိသတ်တွေအင်အားနဲ့ ဘာကာကို ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနည်းပြ အန်းနရစ်က အက်စ်ပန်ညိုအသင်း အနေနဲ့ လူ ၄ဝဝဝဝ လောက်ပဲ ဆန့်တဲ့ကွင်းလေးမှာ ဘာမှဖြစ်ဖြစ်မြောက်မြောက်လုပ်ပြနိုင်ဖို့ မရှိဘူးလို့ လှောင်ပြောင်စကားဆိုခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ အမြဲပြဿနာရှာနေတတ်တဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားလို ပွဲမျိုးမှာတောင် ချီလီနီကို ကိုက်ခဲ့တဲ့အတွက် ကာလကြာရှည်ပွဲပယ် ပြစ်ဒဏ်ချခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာက ဆွာရက်ဇ်နဲ့ စာချုပ်ချုပ်ဆိုကတည်းက ထိန်းသိမ်းရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ဒီစည်းမျဉ်းတွေကို ချိုးဖောက်ရင် လျှော့ပေါ့ခံရမယ့် လစာကိစ္စတွေကို သီးသန့်ထည့်သွင်းထားခဲ့တာပါ။ခုဖြစ်လာတဲ့ ကိစ္စရပ်မှာလည်း အက်စ်ပန်ညိုအသင်းသားတွေက လူနှစ်ယောက် အထုတ်ခံခဲ့ရပေမယ့် အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းပြီးစေဖို့သာ ဆန္ဒရှိခဲ့တာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း ဆွာရက်ဇ်ဘက်က ပြုမူခဲ့တဲ့ လုပ်ဆောင်ချက်ကြောင့်သာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။
အက်စ်ပန်ညိုအသင်းသားတွေ ဘယ်လို စိတ်ဆန္ဒတွေ ရှိနေပါစေ။ အားကစားပြိုင်ပွဲဆိုတာ အများရဲ့ စံပြအတု ယူစရာ အသိုက်အဝန်းဖြစ်တာကြောင့် ဆွာရက်ဇ် အနေနဲ့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့ကတော့...။

No comments: