မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 15, 2016
နှလုံး၏လှုပ်ရှားမှုကိုခြေရာခံနိုင်မည့် ကျန်းမာရေး စတစ်ကာ တောင်ကိုရီးယားတွင် တီထွင်
နှလုံး၏လှုပ်ရှားမှုကိုခြေရာခံနိုင်မည့် ကျန်းမာရေး စတစ်ကာ တောင်ကိုရီးယားတွင် တီထွင်
ဆိုးလ်၊
တောင်ကိုရီးယားနိုင်ငံတွင် နှလုံး ၏လှုပ်ရှားမှုကို ခြေရာခံပေးနိုင်သည့် ကျန်းမာရေးသုံး ကိရိယာတစ်ခုကို တီ ထွင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးသုံးကိရိယာ သည် အခြားသော ကျန်းမာရေးကိရိ ယာများထက် ပို၍ကောင်းမွန်လွယ်ကူ မည်ဖြစ်ပြီး ခန္ဓာကိုယ်၏လုပ်ဆောင် ချက်များကို နာရီ၊ ကျန်းမာရေးလက် ကောက်များဖြင့် တိုင်းတာခဲ့ရာ ယခု အခါ အသားအရေမှာ ကပ်ထားရုံဖြင့် မိမိနှလုံးနှင့် အခြားသွေးကြောများ၏ လုပ်ဆောင်ချက်များကို အမြဲစဉ်ဆက် မပြတ်စောင့်ကြည့်ပေးနေမည့် သေး ငယ်လွန်းသော မော်နီတာစတစ်ကာ တစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှ ဆေးဘက်ဆိုင်ရာ သုတေသနပညာ ရှင်များသည် နှလုံး၏လုပ်ဆောင်ချက် များကို အမြဲစောင့်ကြည့်ပေးနေမည့် ယင်းစတစ်ကာကို သေးငယ်ပြီးဆွဲဆန့် နိုင်အောင်ပြုလုပ်ထားကာ အသားအ ရေ၏ အကျုံ့၊ အဆန့်ပေါ် မူတည်၍ ရွေ့လျားနိုင်ရန် ပြုလုပ်ထားသည်။
ထို့နောက် သုတေသနပညာရှင်များ သည် အလွန်သေးငယ်လှသော ဆီလီ ကွန်အမှေးပါးများနှင့် နာနိုရွှေမှုန်လေး များကို ၄င်းထဲတွင် ထည့်သွင်းထားပြီး ပိုမိုခိုင်မြဲအောင် နှလုံး၏ လုပ်ဆောင် ချက်များကို မှတ်ဥာဏ်များနှင့် မှတ် တမ်းတင်ပေးမည်ဖြစ်သည်။
ဆေးဘက်ဆိုင်ရာ လေ့လာသူ များက အဆိုပါပစ္စည်းကနေ နှလုံး၏ လုပ်ဆောင်ချက်ကို ပိုမိုသိရှိသွားနိုင် မည်ဖြစ်ပြီး လူနာ၏ဆင်ဂနယ်လွှဲကျယ် များကိုကြည့်ရှုပြီး နှလုံးရောဂါကို ပိုမို ခြေရာခံနိုင်အောင် စီစဉ်ထားကြောင်း သိရသည်။
Ref: Science News
Yangon Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment