Friday, January 15, 2016

ဆင်ခြေထောက်ရောဂါအတွက် ဆေးနည်း

ဆင်ခြေထောက်ရောဂါအတွက် ဆေးနည်း အခုတလော မြန်မာပြည်က ဆေးရုံဆေးခန်းနဲ့ဝေးလံတဲ့ တောရွာတွေမှာ ဆင်ခြေထောက်ရောဂါဟာ တကျော့ပြန် ဖြစ်လာနေကြပြီလို့ ကြားသိရပါတယ်။ ဆင်ခြေထောက်ရောဂါဟာ တတိယမြန်မာ-အင်္ဂလိပ်စစ်ပွဲ မဖြစ်ခင် ၁၈၇၇ လောက်ကတည်းက မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွါးခဲ့ပြီး အမြစ်တွယ်နေခဲ့တာ ယခုချိန်အထိ ကျန်ရှိနေပါသေးတယ်။ ဆင်ခြေထောက်ရောဂါဟာ ခြင်ကိုက်ရာကနေ ကူးစက်ဖြစ်သွားတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြင်းနှစ်မျိုးထဲက တစ်မျိုးဟာ ငှက်ဖျားရောဂါကို ဖြစ်စေပြီး နောက်တစ်မျိုးကတော့ ဆင်ခြေထောက်ရောဂါကို ဖြစ်ပွါးစေပါတယ်။ ဆေးရုံဆေးခန်းများမှ ကာကွယ်ဆေးထိုးပေးနေပြီး ရောဂါကိုလည်း ကုသပေးလျှက်ရှိပါတယ်။ သို့သော် ဆေးရုံဆေးခန်းနဲ့ဝေးကွာပြီး အခက်အခဲရှိသူများအတွက် အလွယ်တကူ ကုသနိုင်တဲ့ ဆေးနည်းကို သိမ်ဖြူဆရာတော် အရှင်နာဂသိန်ရေးသားထားတဲ့ အစွမ်းထက်သော မြန်မာ့ဆေးကျမ်းများထဲမှ ဆရာဝရဇိန်မင်း တင်ပေးခဲ့တဲ့ပို့စ်ကို အများပြန်လည်ဖတ်ရှုနိုင်အောင် ရေးသားမျှဝေပေးလိုက်ပါတယ်။ လိမ်းဆေး (၁) မရိုးပင်၏အမြစ်ကို ထောပတ်နှင့် ဆတူရောကြိတ်၍ ခပ်ပြစ်ပြစ်လေး အနာပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ သောက်ဆေး (၁) မရိုးရွက်နှင့် သိန္ဓောကို ဆတူရော၍ မြေအိုးထဲကို ထည့်၊ အဖုံးပိတ်၊ မီးကျွမ်းအောင် ဖုတ်ပါ။ (၂) ၄င်းမီးဖုတ်ထားသောပြာကို ဒိန်ချဉ်နှင့် ရောစပ်၍ တစ်နေ့ ၂ ကြိမ် သောက်ပါ။ လူသားတိုင်း ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ စောနွဲ့ နေဆိုင်(ပူတာအို) ကားကား - ဆရာဝရဇိန်မင်း စောနွဲ့ နေဆိုင် - ပူတာအို .

No comments: