Thursday, October 22, 2015

တပ်ချုပ်ကြီးက စစ်တပ်အပေါ်စာနာသူ ၊ အမျိုး၊ ဘာသာ ကာကွယ် စောင့်ရှောက်မယ့် သူ ၊ ပြည်ပသြဇာခံတဲ့သူ ကိုမဲမပေးကြဖို့  ပြောတာကို မီဒီယာနဲ့  NLD နောက်လိုက်တွေက

တပ်ချုပ်ကြီးက စစ်တပ်အပေါ်စာနာသူ ၊
အမျိုး၊ ဘာသာ ကာကွယ် စောင့်ရှောက်မယ့် သူ ၊
ပြည်ပသြဇာခံတဲ့သူ ကိုမဲမပေးကြဖို့  ပြောတာကို
မီဒီယာနဲ့  NLD နောက်လိုက်တွေက
ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
ရည်ရွယ်ပြီး ပြောတာလို့  ထင်နေကြကို
စဉ်းစားလို့ မရဘူး ဖြစ်နေတယ်
တကယ်ဆို ခံယူတဲ့သူအပေါ်မှာပဲ မူတည်တာပါ..
အဲ့လို ပြောလိုက်လို့  ဆတ်ဆတ်ထိဖြစ်နေကြတယ်ဆိုတော့
ကျွန်တော်စဉ်းစားမိတယ် ဒေါ်အောင်ဆန်းစုကြည်က
ပြီးခဲ့တဲ့ (၁၈)ရက်နေ့ ကပဲ
တပ်မတော်ကို လက်ကမ်းပြီးတော့ကြိုတယ်
လက်ကမ်းကြိုဆိုဖို့ အသင့်ပဲလို့ ပြောခဲ့တယ်
လူမျိုးရေး၊ဘာသာရေးနဲ့ ပုတ်ခတ်ပြောဆိုသူကို
အရေးယူမယ် လို့ ပြောခဲ့တယ်
ရခိုင်မဲဆွယ် ခရီးစဉ်ဟောပြောပွဲမှာလဲ
ပြည်ပ အထောက်အခံ မယူထားပါဘူးလို့  ပြောခဲ့တယ်
ဒေါ်အောင်စုကြည်က အဲ့လိုတွေပြောခဲ့တယ်
ဒါဆို အခု တပ်ချုပ်ပြောတာတွေက
သူနဲ့ လားလားမျှ မဆိုင်ဘူးလို့ ထင်တယ်
အခု ဆိုင်တယ်ဆိုပြီး နာနေကြလေတော့
ဒေါ်အောင်ဆန်းစုကြည်ကပဲ
တပ်မတော် ကို အမြင်မကြည်တဲ့သူ
အမျိုး၊ဘာသာ၊ သာသနာကိုပဲ မစောင့်ရှောက်မည့်သူ
ပြည်ပ သြဇာကို ခံယူထားတဲ့ သူကြီး
တကယ်များ ဖြစ်နေပြီလား..



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: