Thursday, October 22, 2015

မိုးညှင်းမြို့နယ် သရက်မှော်တွင် လူသစ်ဆွဲခံရသော မှော်လုပ်သား (၂၄)ဦးမှ (၂)ဦး ပြန်လည် ထွက်ပြေးလွတ်မြောက်လာ

မိုးညှင်းမြို့နယ် သရက်မှော်တွင် လူသစ်ဆွဲခံရသော မှော်လုပ်သား (၂၄)ဦးမှ (၂)ဦး ပြန်လည် ထွက်ပြေးလွတ်မြောက်လာ
=========================================
21, October, 2015 By Voice Of Kachin

၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၀)ရက်နေ့တွင် မိုးညှင်းမြို့မှ (၁၇)မိုင်အကွာရှိ သရက်မှော် တွင် ည (၉)နာရီခန့်၌ KIA အင်အား (၁၀)ဦးခန့်သည် လက်နက်ငယ်မျိုးစုံ ကိုင်ဆောင်၍ ရောက်ရှိလာပြီး မှော်လုပ်သား (၂၄)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၂)ရက်နေ့က မောင်နိမ်အောင်ဆိုသူသည် ကားပေါ်မှခုန်ဆင်း၍ လွတ်မြောက်လာခဲ့သည့်အပြင် အောက်တိုဘာ (၁၈)ရက်နေ့တွင်လည်း ဦးဖိုးပြား (၃၀)နှစ်၊ ဦးမြင့်လှိုင် (၃၆)နှစ်တို့(၂)ဦး ထပ်မံ၍ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။

KIA ထံမှ ထွက်ပြေးလွတ်မြောက်လာသူများအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ရောက်ရှိ သွားကြပြီဖြစ်ကြောင်း၊ ၎င်းတို့နှင့် လူသစ်ဆွဲခံကြရသော KIA ထံတွင် ကျန်ရှိနေသေး သည့် မှော်လုပ်သား သူငယ်ချင်းများကိုလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်စေလိုကြောင်း၊ KIA စခန်းတွင် နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြင့် နေနေရကြောင်း ကျန်ရစ်သူများ ကိုလည်း အမြန်ဆုံး ကယ်ထုတ်ပေးပါရန် တောင်းဆိုခဲ့ကြောင်း ၎င်းတို့ (၂)ဦးမှ ပြောကြားထား သည်။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: