Thursday, October 22, 2015

ခြင်္သေ့တံဆိပ်မတွေ့ပါက မနောတိုင်တံဆိပ်ကိုမဲပေးပါဟု ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းမှ ပြည်သူ များအား ပြောဆို

ခြင်္သေ့တံဆိပ်မတွေ့ပါက မနောတိုင်တံဆိပ်ကိုမဲပေးပါဟု ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းမှ ပြည်သူ များအား ပြောဆို
========================================

ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းမှ ပြည်ခိုင်ဖြိုးပါတီအား မဲထည့်ရန် မဲဆန္ဒရှင် များမှ ၄င်းတို့ နှင့်သက်ဆိုင်သည့် အနည်းဆုံးလူ သုံးဦးအားရှာပြီး ခြင်္သေ့တံဆိပ်အား ရှာပြီး မဲထည့်ရန် ရှာမတွေ့ပါက မနောတိုင်အလံ(စဒက)အားမဲပေးရန် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံး ရေးတွင် ပြောကြားခဲ့သည်။ မနောတိုင်အလံပါသည့် အမှတ်တံဆိပ်မှာ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီဖြစ်ပြီး အမျိုးသားလွှတ်တော်အမှတ် ဦးခက်ထိန်နန်၏ ပါတီဖြစ်သည်။

“ကိုယ်နဲ့အတူ သုံးယောက်ကို မဲရုံကိုခေါ်သွားပေးနိုင်ရင် မဲရုံရောက်ပြီး မဲလက်မှတ် ပေးမယ်ဆိုရင် ခြင်္သေ့တိဆိပ်ကိုရှာပါ။ ပြီးရင် ဘေးနားရှိတဲ့ တံဆိပ်တုံးကိုင်ပြီး အသေအချာ ချိန်ပြီး နှိပ်လိုက်ပါ တစ်ခါပဲနှိပ်ပါ နှစ်ခါမနှိပ်နဲ့။ အကယ်၍ ခြင်္သေ့တံဆိပ်ကိုရှာမတွေ့ရင် မနောတိုင် တံဆိပ်ကိုရှာပါလို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်ခင်ဗျာ” ဟုဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းမှ တက်ရောက်လာသည့် လူထုအားပြောဆိုသည်။

ဆက်လက်၍ နိုင်ငံတော်ကြီးအား ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်နှင့် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ထူထောင်နေကြောင်းနှင့် လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ယခုလို တိုင်းရင်းသားပြည်သူအားလုံးမှ တစ်နက်ထောက်ခံအားပေးသည့်အတွက် ယနေ့ နိုင်ငံတော်တွင် နိုင်ငံရေးဦးဆောင်နေသည့်ပါတီမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်သည်ဟု ဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန်ခံ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မှဆိုသည်။

“တစ်ကြိမ်တစ်ခါမှ လျှောက်လှမ်းဖို့ရန်အတွက် အခွင့်အရေးမရခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဦးဆောင်ပြီးတော့ မမှိတ်မတုန်တည်ဆောက် နေဟာလည်း ပြည်ခိုင်ဖြိုးပါတီပါပဲ။ ဒါကြောင့်မို့ ဖက်ဒရယ်ပြည်ထောင်စုအစ ပြည်ခိုင်ဖြိုးပါတီက၊ ဒီမိုကရေအစဟာလည်း ပြည်ခိုင်ဖြိုးပါတီပါပဲ။ တိုင်းရင်းသား ပြည်သူတွေအားလုံး လိုလား တောင့်တတဲ့ ထာဝရငြိမ်းချမ်းရေးကို ဦးဆောင်ပြီး ဖော်ဆောင်နေတာဟာ ပြည်ခိုင်ဖြိုးပါတီပါပဲ” ဟုဆိုသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူလူထု မဲဆွယ်စည်းရုံးရေးအား ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ ကချင်ရိုးရာယဉ်ကျေးမှု မနောဘက်စုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး လူဦးရေ နှစ်ထောင်ခန့် တက်ရောက်ခဲ့သည်။ မနက်ဖြန်တွင် ပူတာအိုသို့ မဲဆွယ်စည်းရုံးရန်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ကချင်ပြည်နယ်တာဝန်ခံ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မှသွားရောက်မည်ဖြစ်သည်။

By Kachinwaves



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: