Thursday, October 22, 2015

#အတွင်းသိပုဂ္ဂိုလ်ကပြောပြတဲ့ #ဒေါ်စုအကြောင်း

#အတွင်းသိပုဂ္ဂိုလ်ကပြောပြတဲ့ #ဒေါ်စုအကြောင်း

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွှန်ရဲ့NLDနဲ့ ဒေါ်စုအပေါ် သုံးသပ်ဝေဖန်ချက်များကိုလည်း(၂၁-၈-၂ဝ၁၅) ထုတ် 'မြန်မာရီဗျူး'ဂျာနယ်မှ
ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

'ကျွန်တော်ပြောချင်တာက ဟိုတုန်းက (၁၉၉ဝ) ကနေ (၂ဝ၁ဝ) အထိက
ပေးဆပ်သူတို့ NLDရုံးကို လူတောင်မလာဘဲနဲ့၊ တစ်ခါတစ်လေ NLDရုံးမှာ
ဆယ်ယောက်တောင် မပြည့်ဘူး။ NLDရုံးကို လှည့်တောင်မကြည့်တဲ့သူတွေ က ဒီနေ့ အမတ်ဖြစ်ချင်တော့ NLDရုံးမှာ အမတ်ဖြစ်ချင်လို့ တိုးဝှေ့နေတဲ့ ဒါနဲ့ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ။

NLDကို နှစ်ပေါင်းများစွာ ထုဆစ်လာတဲ့ပါတီက ယနေ့ အမတ်ရောဂါအတွက်
အလုအယက်တန်းစီနေအောင် ဘယ်သူလုပ်သွားတာလဲ။ ဘယ်သူတွေ
တာဝန်ရှိသလဲဆိုတာ ပြန်ဆန်းစစ်ဖို့လိုတယ်'

'ကျွန်တော်တို့ရှိစဉ်တုန်းက NLDဆိုတာ အနစ်နာခံတဲ့လူတွေရဲ့NLD နာမည် ထုတ်မပြောလိုပါဘူး။ မြို့နယ်တစ်ခုမှာ ဥက္ကဋ္ဌလုပ်နေတဲ့လူက ၈၈ က ကျွန်တော်တို့NLDမှာ လုပ်နေတဲ့ အချိန်မှာ မပါဝင်ခဲ့သလဲ မုန်တိုင်းထန်တဲ့
(၂ဝ၁ဝ) ကာလအထိ မပါခဲ့ဘူး။

အလှူခံရင်တောင် တစ်ပြားမှ မထည့်ခဲ့တဲ့လူက ခုNLDရဲ့ အမတ်လောင်း ထဲမှာ ပါနေတယ်။ NLDဟာ တိုက်ပွဲဝင်ပါတီကနေ အမတ်လုပ်ချင်တဲ့လူတွေ စုဝေးတဲ့ ပါတီဖြစ်နေပြီလို့ ပြောချင်ပါတယ်။'

'နိုင်ငံရေးမှာ စံတင်ထားတဲ့ ရေချိန်မရှိဘဲနဲ့ ပါတီတစ်ခုမှာ အဲဒီလိုလူတွေ များလာရင် မြန်မာပြည်မှာ အချောင်သမားဝါဒ ထွန်းကားလာမှာပေါ့။ အဲဒီ လိုပါတီသာ အနိုင်ရရင် တိုင်းပြည်က အခြေအနေဆိုးလိမ့်မယ်။

အမှန်တကယ်မှာ လူတွေထင်ထားသလိုမဖြစ်ရင် အီဂျစ်ကိုပဲကြည့်လေ၊
အာဏာရှင်ကိုမုန်းလို့ ရွေးချယ်မိတာကလည်း အာဏာရှင်ဖြစ်နေတော့
့လူထုရဲ့ တိုက်ပွဲဝင်ပုံစံ ပြောင်းသွားပြီး ဒုက္ခရောက်တဲ့အခါကျတော့ "စစ်တပ်က" တစ်ကျော့ပြန်ပြီး နိုင်ငံရေးဇာတ်ခုံပေါ် တက်ခဲ့တာ တွေ့ရ တယ်။

အဲဒီတော့ ကျွန်တော်တို့ဆီမှာလည်း ဒီမိုကရေစီ အရေးဆိုပြီး ယေဘုယျ ပြောပြီး နှစ်အစိတ်မှာ ဘာရလဒ်မှ မပြနိုင်တဲ့ ကိုယ်တိုင်ကလည်း အာဏာနဲ့ ပတ်သက်ရင် လူတွေကိုမကြည့်နဲ့ တံဆိပ်ကို ကြည့်လို့ပြောပြီး အာဏာလိုချင် တဲ့ လူတွေ တိုင်းပြည်တက်လာရင် လူထု မျှော်လင့်ချက်နဲ့ လွဲချော်လိမ့်မယ် လို့ ပြောချင်တယ်။'

'နောက် ၉ဝ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်တဲ့ အခါမှာ အမျိုးသားရေးလိုအပ်ချက်အရ ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့
အဲဒီတုန်းက အတိအလင်း ကြေညာခဲ့တာပဲ။ အခုNLDကတော့ သမ္မတ လုပ်ချင်တယ်။ အာဏာလိုချင်တယ်၊ အစိုးရအဖွဲ့ဖွဲ့ဖို့ပဲအော်ပြီး ကိုယ့်
ဒီမိုကရေစီ အင်အားစုအချင်းချင်း တိုင်းရင်းသားအင်အားစုတွေ အကုန်လုံး ကို လိုက်ပြိုင်လိုက်တိုက်နေရင် ငါစွဲကြီးတဲ့ ငါ့မှာ အင်အားကြီးတယ်။

ငါ့မှာ အရှိန်အဝါကြီးတဲ့ အယူအဆနဲ့ (၂ဝ၁၅) အခင်းအကျင်းကို ပြင်ဆင်လာ တဲ့အတွက်မြန်မာနိုင်ငံလူထုရဲ့  နိုင်ငံရေးရေချိန်ပြဖို့ လိုပြီလို့ မြင်မိပါ တယ်။'

'ပြည်သူတွေ ခုအချိန်မှာ အရမ်း အားကိုးတဲ့ပါတီခေါင်းဆောင်ဟာ
နှစ်ပေါင်း (၂၅) မှာ ဘာရလဒ်ထွက်အောင် လုပ်နိုင်လို့လဲ။

လွှတ်တော်တက်တဲ့ ကာလအတွင်းမှာ
☆သူဥပဒေကြမ်းတစ်ခု တင်ခဲ့သလား???
☆အဆိုတစ်ခု တင်ခဲ့ သလား???
☆မေးခွန်းတစ်ခု တင်ခဲ့သလား???
☆တပ်မတော်ကို ဘယ်လောက် စည်းရုံးနိုင်ခဲ့သလဲ?? ဆိုတာ လူထုက လက် တွေ့အကဲဖြတ်ပေါ့။

ပွင့်ပွင့်လင်းလင်း ပြောရရင် (၉၅) ခုနှစ်ကတည်းက ကျွန်တော်တို့NLDမှာ လွှတ်တော်ကိုယ်စားလှယ်စာရင်းတွေ ပေးခဲ့တယ်။

(၂ဝ၁ဝ) မှာ အခြေခံဥပဒေ မပြင်လို့ သပိတ်မှောက်တယ်။ မပြင်ဘဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တာကလွဲရင် သူ့ရဲ့နိုင်ငံ ရေးမှာ ရလဒ်ထွက် တာ မတွေ့ရဘူး။'

'ဆုတွေ လာဘ်တွေတော့ သူအများကြီးရခဲ့တယ်။ ရဲရဲကြီးမေးစမ်းပါ၊
ပြည်သူလူထုအတွက် လွှတ်တော်တွင်းမှာ လွှတ်တော်ပြင်ပမှာ ထူးထူးချွန်ချွန်
ဘာတွေလုပ်သလဲဆိုတာ လူထုက သတ္တိရှိရှိ မေးခွန်းထုတ်ပြီး မဲပေးတဲ့အခါ မှာ မှန်မှန်ကန်ကန်ပေးနိုင်ကြဖို့လိုတယ်'

စနစ်ပြောင်းနိုင်တာ NLDပါတီပဲ ရှိပါတယ်လို့ အသံကောင်းဟစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီအပေါ် ဝေဖန်ချက်များကို ကြည့်လိုက်ရင်
NLD ပါတီကိုယ်တိုင် "ဒီမိုကရေစီကျင့်စဉ်ကို" မကျင့်သုံးဘူး၊

အာဏာရှင်ဆန်တယ်ဆိုတာ တညီတညွတ်တည်း ပြောကြတယ်။ရွေးကောက် ပွဲမှာ မဲနိုင်ပြီး အစိုးရဖွဲ့နိုင်ရင် ဒီထက်ပိုဆိုးမယ်၊ လက်ထဲမှာ အာဏာကို မဆုပ်ကိုင်ရသေးခင်မှာတောင် ဒီလောက် အခြေအနေဆိုးနေပြီဆိုရင်
အာဏာဆိုတာကြီးများ ဆုပ်ကိုင်မိလိုက်ပါက တစ်တိုင်း ပြည်လုံး နစ်နာဆုံးရှုံး ရမယ့် အနေအ ထားကို မုချရောက်သွားနိုင်တဲ့အတွက်NLDကို မဲမပေးပါနဲ့၊
အခြားသော အမျိုးသားရေးပါတီများ၊ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်း သားပါတီများကို မဲပေးကြပါလို့ နှိုးဆော်တိုက်တွန်း အပ်ပါတယ်

cd: The Voice of fb



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: