Thursday, October 22, 2015

ရေမဆေးကျောက်တူးဖော်နေသူများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး

ရေမဆေးကျောက်တူးဖော်နေသူများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊တနိုင်းမြို့နယ်အတွင်းရှိ သရက်မှော်၊ မာလကာမှော်နှင့် တောင်စိမ်းကြီးမှော်များ၌ ရေမဆေး ကျောက်ရှာဖွေတူးဖော်နေသူ ၂၄ ဦးအား KIA အဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကျောက်လုပ်သား တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
“ဒီမှော်တွေမှာတော့ ရေမဆေးကျောက်တူးဖော် လုပ်ကိုင်တဲ့သူတွေ အများကြီးပဲ။ နေရာဒေသပေါင်းစုံက လူမျိုး ပေါင်းစုံ လာလုပ်စားနေကြ တာပါ။ KIA အဖွဲ့တစ်ဖွဲ့ ရောက်လာတယ်၊ ပြီးတော့ မှော်လုပ်သား ၂၄ ယောက်ကို အကြောင်းမဲ့ဖမ်းသွားတယ်၊ သူတို့ ကိုလည်း လူသစ်လုပ်ခိုင်း မှာပဲလေ၊ ဆက်ကြေးလည်း အတင်းအကြပ် ကောက်တယ်၊ တောင်းတာ မပေးရင် ဖမ်းဆီးနှိပ်စက်တယ်။ အလုပ်သမားကျပြန်တော့လည်း လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းတယ်။ တော်တော် မိုက်ရိုင်းတဲ့ ကောင်တွေ၊ ကိုယ်ချင်းလည်းမစာဘူး၊ မရှိလို့သာ လုပ်စား ရတာ၊ အလုပ်လုပ်စားရတာ မလွယ်ပါဘူးဗျာ” ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
KIA အဖွဲ့သည် တနိုင်းမြို့နယ်ရှိ ရွှေမှော်များအတွင်း ဆက်ကြေးများ ကောက်ခံခြင်းနှင့် လူသစ်အတင်းအကြပ် စုဆောင်းခြင်းတို့ကြောင့် ရွှေမှော် များ၌ လုပ်ကိုင်နေကြသော လုပ်သားများ၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာပြီး အချို့အလုပ်သမားများမှာ နေရပ်ဒေသအသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြကြောင်း သိရသည်။
နော်ဂျာ
KDN



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: