ပြည်သူတွေ မကြိုက်တဲ့တစ်နေ့ ဆင်းပေးမယ်ဆိုတာ သေချာရဲ့လား ?
====================================
ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် နိုင်ငံရေးပါတီအများစုဟာ သူတို့ပါတီတွေကို ပြည်သူတွေ သဘောကျစေ မယ့် အပြောအဆို၊ အပြုအမူတွေနဲ့ မဲဆွယ်စည်းရုံးနေကြတာတွေ့ရပါတယ်။ တချို့က သူတို့ပါတီအနိုင်ရရင် တိုင်းပြည်တိုးတက်အောင်၊ ပြည်သူတွေချမ်းသာ လာအောင် ဘယ်လိုဘယ်ပုံ လုပ်ဆောင်ပေးမယ်ဆိုပြီး ပြောဆို မဲဆွယ်တာမျိုးရှိသလို တချို့ကလည်း အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း၊ သူတို့ဟာ အာဏာ မက်မော သူတွေမဟုတ်ဘူးဆိုတာမျိုးကို ပုံဖော်ချင်တဲ့ အတွက် “ပြည်သူတွေ မကြိုက်တဲ့တစ်နေ့ အာဏာကို ဆုပ်ကိုင် မထားဘဲ ဆင်းသွားမယ်” ဆိုပြီး ပြောဆိုလာကြတာလည်း ရှိပါတယ်။ မဲလိုချင်လို့ ဒီလိုပြောဆို စည်းရုံးပြီး မဲဆွယ်နေသူတွေအနေနဲ့ သူတို့ပြောတဲ့ အတိုင်းတကယ်ပဲ လုပ်လာဖို့အတွက် ယုံကြည်နိုင်လောက် သလားဆို တာကို ဆန်းစစ်ကြည့်ရအောင်ပါ။
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြည်သူကနေ ရွေးကောက် တင်မြှောက်လိုက်လို့ အမတ် ဖြစ်သွားရတဲ့ ကိုယ်စားလှယ်တွေကို ပြည်သူတွေက မကြိုက်ရင် ပြန်ပြီးဖြုတ်ချခွင့်ရှိတဲ့ Right to Recall ဥပဒေကို အတည်ပြု နိုင်ဖို့အတွက် ဆွေးနွေးခဲ့တာတွေရှိပါတယ်။ အဲဒီအချိန်တုန်းက Right to Recall ဥပဒေ အသက်မ၀င်လာ စေဖို့အတွက် အကြောင်း အမျိုးမျိုးပြပြီး ကန့်ကွက်ခဲ့သူတွေရှိပါတယ်။ အဲလိုကန့်ကွက်ခဲ့သူတွေဟာ ဒီကနေ့ အချိန်အခါမှာ ပြည်သူမကြိုက်ရင် ပြန်ဆင်းပေးပါ့မယ်လို့ ပြောဆို နေကြသူတွေက ထိပ်ဆုံးကပါဝင်ခဲ့တာပါ။ သူတို့ရဲ့ အဓိက အကြောင်းပြချက်ကတော့ ဥပဒေမှာပါတဲ့ ပြန်လည်ဖြုတ်ချပေးဖို့ တောင်းဆိုသူ ပြည်သူတွေရဲ့ အရေအတွက် ရာခိုင်နှုန်းဟာ အရမ်းနည်းလွန်း တယ်ဆိုပြီး ဆင်ခြေပေးခဲ့ကြတာပါ။
တကယ်ဆိုရင် ကိုယ်တိုင်က မဟုတ်တာ ဘာမှမလုပ်ထားဘူး၊ မကျူးလွန်ထားဘူးဆိုရင် ဘာကြောင့် ရာခိုင်နှုန်း နည်းတယ်ဆိုပြီး အကြောင်းပြနေစရာမရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာမျိုးဖြစ်နေ သလို အာဏာကို လက်မလွှတ်ချင်တဲ့ စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ လူများစုရဲ့ ဆန္ဒကို ဦးစားပေးသင့်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ပေးခဲ့ကြတဲ့ ဆင်ခြေတစ်ခုပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ သူတို့အနေနဲ့ အာဏာရပြီးရင် လွယ်လွယ်နဲ့ ပြန်မဆင်းပေးလိုတဲ့ စိတ်ခံစားချက်က အဓိကသာဖြစ်ပါတယ်။ အာဏာလက်လွှတ်ပြီး ပြန်ဆင်း ပေးရမယ့် ကိစ္စမျိုးမှာ လူများစုရဲ့ဆန္ဒကို အဓိကထား သင့်ပါတယ်ဆိုလို့ ပြောနေသူတွေ ဟာ အမျိုးသား အကျိုးစီးပွား လုံခြုံရေးလို ကိစ္စမျိုးတွေမှာကြတော့ လူများစုရဲ့ ဆန္ဒကို ဦးစားပေးသင့်တယ်ဆိုပြီး မပြောဆိုခဲ့ ကြပါဘူး။
ဘင်္ဂါလီဖြစ်စဉ်မျိုးမှာ လူများစု ပြည်သူတွေရဲ့ဆန္ဒကို လစ်လျူရှုပြီး အနောက်နိုင်ငံတွေ အလိုကျရပ် တည်ခဲ့ကြသေးတယ် မဟုတ်လား။
တကယ်တော့ နိုင်ငံရေးသမားအချို့ဟာ အပြောချိုချိုလေးတွေနဲ့ လက်တွေ့အလုပ်မလုပ်ပြဘဲ ပြည်သူတွေကို မျှော်လင့်ချက်ပေး၊ ပြည်သူတွေရဲ့စိတ်ကို နှိုးဆွသိမ်းသွင်းပြီး အာဏာလုနေကြသူတွေ ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် တကယ်စေတနာမှန်ရင် အာဏာမရလည်း ပြည်သူအတွက် များစွာ လုပ်ပေးနိုင်ပါလျက်နဲ့ ချောက်ထဲ ကျနေတဲ့ပြည်သူကို လှေကားချပေးပြီး ချက်ချင်းကယ်ဖို့မကြိုးစားဘဲ အများအမြင်မှာ ကယ်တင်ရှင်သဖွယ်ဖြစ်အောင် ပြောဆိုပြီး နေရာရဖို့လုပ်နေတာ အာဏာမက်လို့ပဲ မဟုတ်လား။ အာဏာမက်လို့ အာဏာလုနေ ကြမှတော့ ကိုယ့်လက်ထဲရောက်ရင် သူများဆီမပါအောင် ဆုပ်ကိုင်ထားနိုင်ဖို့ လုပ် ဆောင်နေကြဦးမှာပဲဆိုတာ သိသာလွန်းလှပါတယ်။
စည်သူ
People's Voice
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment