Thursday, October 22, 2015

နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု မရှိသူများကို မဲပေးရန် တပ်ချုပ်တိုက်တွန်း

နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု မရှိသူများကို မဲပေးရန် တပ်ချုပ်တိုက်တွန်း

--------------------------------------

တပ်မတော်သားများနှင့် မိသားစုဝင်များအနေနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးရာတွင် နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု မရှိသူများကို မဲပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။
အောက်တိုဘာလ ၂၀ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရှိ သင်တန်းခန်းမ၌ အရာရှိ စစ်သည်များကို တွေ့ဆုံ အမှာစကားပြောကြားရာတွင် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၎င်းက ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များတွင် အမျိုးဘာသာ သာသနာကို စနစ်တကျ ထိန်းသိမ်းနိုင်သူနှင့် တပ်မတော်အပေါ် စာနာနားလည်မှု ရှိသူတို့ကို စဉ်းစားရွေးချယ်ရန် အကြံပြုလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်းလှိုင်က ဆိုသည်။

ထိုသို့ ရွေးကောက်ပွဲတွင် တပ်မတော်သားများကို မဲပေးပုံပေးနည်းနှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်နိုင်ရေး ပြောဆိုခြင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တစ်ဦး အနေနှင့် ဆောင်ရွက်ခွင့် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ NLD ပါတီ နာယက သူရဦးတင်ဦးက ဆိုသည်။

“ဒါက သူ့လုပ်ပိုင်ခွင့်ထဲမှာ ရှိပါတယ်။ ဒါက ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်လို့လည်း ပြောရမယ်” ဟု ၎င်းက ပြောသည်။

တပ်မတော်သည် လက်ရှိတွင် မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းဆောင်ခြင်းကို ဆောင်ရွက်နေသော်လည်း နောင်တစ်ချိန်တွင် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ စနစ်အရ အချိန်ကာလ အပိုင်းအခြား တစ်ခုဖြင့် စစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး ဆန္ဒရှိပါက အမြဲတမ်း စစ်မှုထမ်းအဖြစ် ဆက်လက်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်းလှိုင်က ထပ်လောင်းပြောဆိုသည်။

The Voice Weekly



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: