Thursday, October 22, 2015

တဖက်က လက်ရှိအချိန်ကို တော်လှန်ရေးကာလ လို့ မြင် နေပြီး တဖက်က တည်ဆောက်ရေး ကာလအဖြစ်သတ်မှတ် ခါ ဖြည်းဖြည်းခြင်းပြုပြင်ပြောင်းလဲ တည်ဆောက်သွား ဖို့ကို ဆန္ဒ ရှိကြတယ်။

တဖက်က လက်ရှိအချိန်ကို တော်လှန်ရေးကာလ လို့ မြင်
နေပြီး တဖက်က တည်ဆောက်ရေး ကာလအဖြစ်သတ်မှတ်
ခါ ဖြည်းဖြည်းခြင်းပြုပြင်ပြောင်းလဲ တည်ဆောက်သွား ဖို့ကို
ဆန္ဒ ရှိကြတယ်။

တော်လှန်ရေးအမြင် ရှိသူတွေကလဲ လက်တွေ့မကျတဲ့ စံနှုန်းတွေ ကိုအသေဆုပ်ကိုင်ပြီး ဒါကိုမရမချင်း ဒီအတိုင်းအတာ ကို မရောက်မချင်း ဆက်ပြီးတော်လှန်နေရမယ် ဆိုတဲ့အသိက စွဲ နေကြတယ်။

တည်ဆောက်ရေး ကာလ လို့ သတ်မှတ်ထားသူတွေဖက်က
လည်း စွန့်စားမှု ဆန်တဲ့ အပြောင်းအလဲမျိုးတွေကို ရှောင်ပြီး
အထိအခိုက် အနည်းဆုံးနဲ့ ဖြစ်သလောက်လေး ပြောင်းလဲ
သွားခြင်တယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ခါးသီးမှုတွေကို ကျိတ်မှိတ်ပြီးခံစားလာရတဲ့ လူထုရဲ့ `` နိင်ငံရေးလောဘ ´´
ကို သူတို့ မေ့နေကြပြန်တယ်။

ဒီအင်အားစုတွေကို ထိန်းညှိပေးရမယ့် အင်စတီကျူးရှင်းတွေ
ကလည်း အားမကောင်းသေးတော့ ရွေးကောက်ပွဲအလွန်ကာ
လ ကို စိတ်ပူကြတာ မဆန်းပါဘူး။ကိုယ်ပိုင်အမြင်ပြောရရင်
တော့ ရွေးကောက်ပွဲအပြီး အာဏာအပြောင်းအလဲ ကာလ
ညင်သာစွာ ဖြစ်သွားနိင်ဖို့ဆိုတာ `` တည်ငြိမ်မှု ´´ က သာ
အဓိက အရေးကြီးမယ် ထင်ပါတယ်။အင်အားစုတွေအကြား
မှာ ညှိနှိုင်းလို့ မရနိင်လောက်တဲ့ ပြဿနာတွေ ဖြစ်ခဲ့မယ်ဆို
ရင်တောင် ဒီပြဿနာ တွေကြောင့် တိုင်းပြည်ရဲ့ stable
ကို မထိခိုက်အောင် တော့ အထူးဂရုပြု ထိန်းသိမ်းနိင်ကြဖို့
လိုပါတယ်။ တိုင်းပြည်ရဲ့ stable ပျက်ရင် တော့ ဘယ်လို
အတားအဆီးတွေပဲရှိရှိ တပ်မတော်က ဝင်လာလိမ့်မယ် လို့
ထင်ပါတယ်။ အဲ့ဒီအချိန်ကျ နားလည်တဲ့ပြည်သူတွေက ဝင်
လာတဲ့ တပ်မတော်ကို အပြစ်မြင်မှာမဟုတ်ပဲ တပ်မတော်ဝင်
လာအောင် အခြေအနေအရှုပ်ထွေးတွေကို ဖန်တီးကြတဲ့
နိင်ငံရေးသမားတွေအပေါ် သည်းခံစိတ် ကုန်ဆုံးသွားကြပါ
လိမ့်မယ်။

နောက်ထပ်သတိထားစရာတချက်က ဘာသာရေး လူမျိုးရေး
ပြဿနာပါ။ ဒါကလဲ တိုင်းပြည်တည်ငြိမ်မှု ကို အဓိက စိန်ခေါ် နေတဲ့ ပြဿနာတခုပါပဲ။အချိန်ကိုက် ပေါက်ကွဲလာခဲ့မယ်ဆိုရင် ဗူးလေးရာ ဖရုံဆင့်သလို ဖြစ်သွားနိင်ပါတယ်။ ဒါကိုလဲ အထူးသတိထားပြီး ထိန်းသိမ်းကြသင့်ပါတယ်။

ကျနော်ကတော့ ရွေးကောက်ပွဲလွန်ကာလ နဲ့ အာဏာအကူး
အပြောင်းချောမွေ့ညင်သာစေဖို့ အတွက် ပြည်သူတွေရဲ့
ရင့်ကျက်တည်ငြိမ်မှု ကိုပဲ အားကိုးခြင်ပါတယ်။ စိတ်ခံစားမှု
နောက်ကို မလိုက်ကြပဲ ထောင်ချောက်တွေကို မြင်အောင်
ကြည့်ကြစေခြင်ပါတယ်။ အကူးအပြောင်းကာလ ညင်သာဖို့
ဆိုရင် ပြည်သူလူထု ဆင်ခြင်တုံ တရားရှိကြဖို့ အထူး လိုအပ်လှပါကြောင်း …… ။

KOKO



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: