ပျော်ဘွယ်တွင် ပြည်သူများက အန်အယ်လ်ဒီ ကို သံပုံးတီး မောင်းထုတ်
=====================================
မန္တလးတိုင်း၊ ပျော်ဘွယ်မြို့နယ်အတွင်း အန်အယ်လ်ဒီပါတီ မဲဆွယ်စည်းရုံးရေးဆင်းတာကို ပြည်သူများက သံပုံးတီး မောင်းထုတ်တဲ့ဖြစ်ရပ်တခု အောက်တိုဘာ ၂၁ ရက်က ဖြစ်ပွားခဲ့ပါတယ်။
ပျော်ဘွယ်မြို့နယ်၊ ကျုတောဝကျေးရွာအုပ်စု၊ ကျုတောဝကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စည်းရုံးရေးခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးညီညီလွင်က ဖြစ်စဉ်ကို အခုလို ပြောပါတယ်။
“ရွာအ၀င်မှာ အမျိုးသမီးအဖွဲ့တွေက သံပြားတွေ၊ သံပုံးတွေကို ကိုင်ပြီးတော့ သံပုံးတီးတာပေါ့၊ သံပုံးတီးထုတ်တာပေါ့နော်။ အဲ့ဒီလို ပုံစံမျိုး လုပ်မယ်ဆိုတာကို ကျနော်တို့က ကြိုတင်သိထားပြီးသားမို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျနော်တို့က အကြောင်းကြားထားပြီးသား၊ အဲ့ဒီလို အကြောင်းကြားထားတဲ့ ကြားထဲက ဖြစ်တာ။”
သံပုံးတီးထုတ်တဲ့ ပြည်သူတွေဟာ အန်အယ်လ်ဒီအဖွဲ့ မဲဆွယ်ဟောပြောမယ့်နေရာဆီ လိုက်လာပြီး အဖွဲ့ချုပ် အလိုမရှိ၊ ထွက်သွားလို့ လာရောက် ကြွေးကြော် အော်ဟစ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ပျော်ဘွယ်မြို့နယ်အတွင်း အန်အယ်လ်ဒီ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ အလားတူ နှောင့်ယှက်ရန်ပြုတာမျိုး ကြုံတွေ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ထားရတဲ့ အမှုတခု ရှိပါတယ်။
အခုလအတွင်း ပျော်ဘွယ်မြို့နယ်၊ သနပ်ခါးတောကျေးရွာကို စည်းရုံးရေးဆင်းရာမှာ ပြည်သူနှစ်ဦးက တုတ်နဲ့ မတော်တဆ ၀င်ရိုက်မိတာကြောင့် သူတို့နှစ်ယောက်ကို ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုနဲ့ NLD က ပြည်သူကို အမှုဖွင့်ခဲ့တာပါ။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်သူများနေထိုင်ကြပြီး တိုင်းတစ်ပါးသားနဲ့ အိမ်ထောင်ပြုသူများကို အလွန်မုန်းတီးသူများဖြစ်ကြောင်း သိရပါတယ်။
DVB
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment