Sunday, December 25, 2016

အစိုးရသစ်သက်တမ်း ကိုးလအတွင်း စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အ၀င် သုညရာခိုင်နှုန်း ဖြစ်နေဟုဆို

လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကြောင့် စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု မရှိသေးဟုဆိုသည်။ (ဓာတ်ပုံ − အီးပီအေ)

အစိုးရသစ်လက်ထက် တွင် စိုက်ပျိုးရေးကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအ၀င်လုံးဝမရှိသေး ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် အတွင်းရေးမှူး ဦး အောင်နိုင်ဦးက ပြောသည်။

လက်ရှိအစိုးရသက်တမ်း ကိုးလခန့်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအများဆုံး သည် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းများဖြစ်ပြီး စိုက်ပျိုးရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့် သူဝင်ရောက်လာခြင်းမရှိသေး ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။ ‘‘ဒီနှစ်ထဲမှာ စိုက်ပျိုးရေး ဘက်ဝင်တာ မရှိသေးပါဘူး။ သုညရာခိုင်နှုန်းပါပဲ’’ဟု ဦးအောင် နိုင်ဦးက ပြောသည်။

သို့သော် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများအတွက် အမေရိကန်ကုမ္ပဏီများက စိတ် ၀င်စားမှုများရှိနေသည်ဟု ဆို သည်။

စိုက်ပျိုးရေးကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုများ မ၀င်ရောက်ခြင်းမှာလမ်းပန်းဆက်သွယ်ရေးနှင့် လျှပ် စစ်ကဏ္ဍလိုအပ်ချက်များနေခြင်း ကြောင့် ဖြစ်သည်ဟု စိုက်ပျိုးရေး ပညာရှင် ဦးတင်ထွဋ်ဦးက သုံး သပ်သည်။

‘‘စိုက်ပျိုးထုတ်လုပ်မှုတွေ အများကြီးဝင်လာဖို့ လိုတယ်။ ဒါ မျိုးတွေကို အားပေးဖို့ လိုတယ်။ နောက်ပြီး မြေတွေအများကြီးယူ ထားတဲ့ လုပ်ငန်းမျိုးတွေထက် လက်ရှိထုတ်ကုန်တွေကို ၀ယ်ယူ နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲ ဆောင်နိုင်ရမယ်’’ဟု ဦးတင်ထွဋ် ဦးက ဆက်လက်ပြောသည်။

 ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၁၅-၁၆ တွင် စိုက်ပျိုးရေးကဏ္ဍ ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်၊ ၂၀၁၄-၁၅ တွင် အမေရိကန်ဒေါ် လာ သန်း ၄၀ ခန့်၊ ၂၀၁၃-၁၄ တွင် အမေရိကန်ဒေါ်လာသန်း ၂၀ ကျော် ၀င်ရောက်ထားသည်။

No comments: