Wednesday, December 28, 2016

မထနပေါ်လာပြီးနောက် ခရီးသည်တွေ တိုင်ကြားဖို့ ဖုန်းနံပါတ်တွေ မထသအဖွဲ့ ထုတ်ပြန်လာ

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားလိုရင် ရုံးချိန်အတွင်း မထသ(ဗဟို)ဖုန်း ၀၁-၈၅၀၀၆၅၀ (လိုင်းခွဲ -၂၀၇)နဲ့ ရုံးချိန်ပြင်ပ ၀၁-၈၅၀၀၆၅၁ ကို တိုင်ကြားနိုင်တယ်လို့ မထသ(ဗဟို)က ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံအပြီး အဲဒီလိုထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် မထသ(ဗဟို)ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာဖြစ်တဲ့ “မထသ – ဗဟို”ကိုလည်း ဆက်သွယ်တိုင်ကြားနိုင်တာပါ။

မြို့ တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ရမ်းကားမှု၊ ယာဉ်စီးခပိုမို တောင်းခံခြင်း၊ ခရီးသည်တွေကို ရိုက်နှက်ထိုးကြိတ် သတ်ဖြတ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ရိုင်းစိုင်းစွာဆက်ဆံခြင်းတို့ကို လက်တုံ့ပြန်ရန်အတွက် ဖွဲ့စည်းခဲ့သည့် မထန (မိုက်ရိုင်းမော်တော် ယာဉ်နှိမ်နင်းရေးအဖွဲ့) ပေါ်ပေါက်လာပြီး နောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အခုလို ဖုန်းနံပါတ်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

MCN

No comments: