ယခုအချိန်တွင် MPT သုံးစွဲသူပေါင်း ၁၃ သန်းနီးပါး မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရသည်။
MPT သုံးစွဲသူအားလုံးဆင်းမ်ကတ်မှတ်ပုံတင်ပြီးစီးစေရန် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် MPT က စီစဉ်ပေးထားသည်ဟု ဆိုသည်။ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၇ ခုနှစ် မတ်လမတိုင်မီ ဆင်းမ်ကတ်များအားလုံး မှတ်ပုံတင်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ဆင်းမ်ကတ်များကို Application မှ တစ်ဆင့်မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ MPT အသုံးပြုသူပေါင်း ၂၁ သန်းကျော်ရှိကာ အသုံးပြု
သူအားလုံး မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်နေကြောင်း ဆိုသည်။
လက်ရှိ အချိန်တွင် လက်လီ အရောင်းဆိုင် ၃၅၀၀၀, MPT အိတ်ချိန်းရုံး ၃၀၀၊ MPT အမှတ် တံဆိပ်အရောင်းဆိုင် ၁၃၀၊ တက္ကသိုလ် ၅၀၊ သမ၀ါယမဘဏ် ၁၅၃ ဘဏ်၊ ကမ္ဘောဇဘဏ် ၅၀ (၄၀၀ အထိလျာထား)၊ Bestone ဖုန်းဆိုင် ၃၁ ဆိုင်နှင့်နယ်လှည့်ရှိုးပွဲများ၌ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက် နိုင်ကြောင်း၊ CB ဘဏ်၊ KBZ ဘဏ်၊ Bestone မိုဘိုင်းဖုန်း ဆိုင်များနှင့် MPT တို့အကြား ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း အတွက် ပူးပေါင်းခဲ့ကာ ဆက်လက်ပြီး ထပ်မံတိုးချဲ့ရန် အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။
No comments:
Post a Comment