Monday, December 26, 2016

ဖောက်ထွင်းမြင်နေရတဲ့ ဖန်သားပြင်စားပွဲကြောင့် အရှက်ရသွားတဲ့ သတင်းတင်ဆက်သူ



25.12.2016

သူမ သတင်းကြေညာတဲ့ စားပွဲဟာ ဖောက်ထွင်းမြင်နေရတဲ့ ဖန်သားပြင်စားပွဲဆိုတာလည်း မေ့သွားပုံ ရပါတယ်။

 

 

 

 

သတင်းတိုက်ရိုက်ထုတ်လွှင့်နေတဲ့ အချိန်အတွင်း သတင်းတင်ဆက်သူ အမျိုးသမီးတစ်ဦးဟာ သူမထိုင်နေတဲ့ စားပွဲက အောက်ကိုဖောက်ထွင်းမြင်နေရတဲ့ ဖန်သားပြင်စားပွဲဆိုတာ မေ့သွားပုံရခဲ့ပါတယ်။

အီတလီနိုင်ငံအတွင်း ရုပ်သံချန်နယ်တစ်ခုဖြစ်တဲ့ TG5  မှာ တိုက်ရိုက်သတင်းထုတ်လွှင့်နေစဉ် အဆိုပါမြင်ကွင်းပါဝင်သွားခဲ့တာဖြစ်ပါတယ်။ သတင်းတင်ဆက်သူ ကော့စတန်ဇာဆိုတဲ့ အမျိုးသမီးဟာ ညဘက်တိုက်ရိုက်သတင်းအစီအစဉ်ကို တင်ဆက်နေခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေ တင်ထားတဲ့ စားပွဲဟာအောက်ဘက်ကို ဖောက်ထွင်းမြင်ရတဲ့ ဖန်သားပြင်စားပွဲဖြစ်ခဲ့ပါတယ်။ သတင်းတင်ဆက်နေတဲ့ အချိန်အတွင်း ကင်မရာမြင်ကွင်းဟာ သူမမျက်နှာကို အနီးကပ်ဆွဲယူပြသထားခဲ့တာပါ။

အဲဒီနောက် ကင်မရာ အနီးကပ်မြင်ကွင်းက တဖြည်းဖြည်းနောက်ဆုတ်သွားတဲ့ အချိန်မှာ ဖောက်ထွင်းမြင်နေရတဲ့ ဖန်သားအောက်ကတစ်ဆင့် သူမ မမြင်စေလိုတဲ့ ပုံရိပ်အချို့ ပါသွားခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ကို youtube မှာ ပြန်လည်ဝေမျှခဲ့ကြပြီး ကြည့်ရှုသူအရေအတွက်ဟာ သိန်းဂဏန်းအထိ ရှိနေပြီဖြစ်ပါတယ်။

No comments: