Tuesday, December 27, 2016

ယခုလအတွင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုနှုန်း မြင့်တက်



ရန်ကုန်တိုင်းဒေသကြီး အတွင်း  ဒီဇင်ဘာတစ်လလုံးယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု အစီးရေ စုစုပေါင်း ၉၅၀ ကျော်ရှိပြီး ယင်း ပမာဏသည် တစ်နှစ်လုံးတွင် အ များဆုံးအပ်နှံသည့်အခြေအနေ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သ တင်းရရှိသည်။

မူဝါဒအဟောင်းမှ အသစ်သို့ပြောင်းလဲရန် တစ်လအလိုတွင် ယခုကဲ့သို့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုအများဆုံးဖြစ်ခဲ့ရသည်။ ဖရီးပါမစ်များ တင်သွင်းခွင့် ရပ်ဆိုင်းပြီးနောက် ယခုကဲ့သို့ စလစ်ကပ်တင်သွင်းရန် ယာဉ်အိုယာဉ်မောင်းအပ်နှံမှုမှာ တစ်လတည်းတွင် များပြားလာခြင်း ဖြစ်သည်။

အထူးသဖြင့် နှစ် ၂၀ ယာဉ် အိုယာဉ်ဟောင်းအပ်နှံမှု အများ ဆုံးဖြစ်ပြီး စက်မှုဇုန်ထုတ်ယာဉ် များမှာလည်း အပ်နှံရာတွင် ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရ သည်။

လာရောက်အပ်နှံမှုများအ နက် ကညနမြင်သာရုံးတွင် အပ်နှံမှုသည် အစီးရေ ၄၆၀ ကျော်ရှိပြီး ရန်ကုန်မြို့ရှိ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာနများအနက် အများဆုံး လက်ခံခဲ့ခြင်း ဖြစ် သည်။ ဒုတိယ အများဆုံး အပ်နှံ သည့် ဌာနမှာ တောင်ဒဂုံကညန ရုံးဖြစ်ပြီး အစီးရေ ၂၁၀ ကျော် လာရောက်အပ်နှံမှု ရှိခဲ့ကာ ပြီးခဲ့သည့်လများကထက် အရေအတွက် သိသာစွာ မြင့်တက်လာခြင်းဖြစ် သည်။

‘‘တစ်လချင်းစီ ယှဉ်ကြည့် မယ်ဆိုရင် ဒီလကတော့ အရေ အတွက် အရမ်းတက်လာတာ ပေါ့။ ရန်ကုန်မှာတင် မဟုတ်ပါ ဘူး။ နယ်တွေမှာလည်း အရမ်း များတယ်’’ဟု နေပြည်တော် ကညန လက်ထောက် ညွှန်ကြားရေးမှူးက ပြောသည်။

ဒီဇင်ဘာ ၁ ရက်မှ ၂၃ ရက် အထိ ရန်ကုန်မြို့ မြင်သာရုံးတွင် ၄၆၈ စီး၊ ရွာသာကြီးရုံးတွင် အစီး ၅၀၊ တောင်ဒဂုံရုံးတွင် ၂၁၀၊သန်လျင်ရုံးတွင် ၅၂ စီးနှင့် အင်းစိန်ရုံးတွင် ၁၇၈ စီး လက်ခံခဲ့ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်းအပ် နှံခြင်းကို ဖရီးပါမစ်ဖြင့် တင်သွင်း သူများကဲ့သို့ ရပ်ဆိုင်းထားခြင်း မရှိဘဲ ပြက္ခဒိန်နှစ်၏ နောက်ဆုံး ရက်အထိ အပ်နှံစလစ်ထုတ်ခွင့် ပြုထားကြောင်း မော်တော်ယာဉ်တင်သွင်းသည့် ကိုယ်စားလှယ် များက ဆိုသည်။

ယာဉ်အိုယာဉ်မောင်းအပ်နှံ သည့်အစီအစဉ်ကို လာမည့်နှစ်၌ စတင်ပြီး သက်တမ်းလျှော့ချပေး ရန် ဆွေးနွေးမှုအချို့ပြုလုပ်ထား ကြောင်း သိရသည်။

7day

No comments: