Wednesday, December 28, 2016

Samsung Galaxy Note 8 တွင် တွေ့မြင်ရဖွယ်ရှိသည့် feature (၅) မျိုး


By: 

နောင်နောင်

၂၀၁၆ ခုနှစ်ဟာ Samsung အတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ် မဟုတ်ခဲ့ပါဘူး။ Samsung ဟာ Note 7 ဘက်ထရီပြဿနာကြောင့် တတိယသုံးလပတ်မှာ အရှုံးပေါ်ခဲ့သလို ကုမ္ပဏီကို သီးခြားခွဲထုတ်မယ့် သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ Samsung က ကုမ္ပဏီရဲ့ နာမည်ကျော်ထုတ်ကုန်တွေဖြစ်တဲ့ Galaxy S8 နဲ့ Note 8 တို့ကို ဖြန့်ချိသွားဖို့ မျှော်လင့်ထားပါတယ်။ Note 7 ပြဿနာ ဖြစ်ပွားပြီးနောက် ကုမ္ပဏီအနေနဲ့ Note စီးရီးတွေကို ရပ်ဆိုင်းဖွယ်ရှိတယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း Note 8 ထုတ်ကုန်နဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း နေ့စဉ်လိုလို ထွက်ပေါ်လာနေပါတယ်။

ဒါကြောင့် ၂၀၁၇ ဒုတိယနှစ်ဝက်မှာ တွေ့မြင်ရဖွယ်ရှိတဲ့ Samsung Galaxy Note 8 မှာ ပါဝင်ဖွယ်ရှိတဲ့ feature (၅) မျိုးကို ဖော်ပြလိုက်ပါတယ်။

Dual Screen Display

Samsung Galaxy Note 8 မှာ ခေါက်ထားနိုင်တဲ့ dual display ပါဝင်လာဖွယ်ရှိပါတယ်။ အဲ့ဒီ display နှစ်ခုဟာ ထုတ်ကုန်ရဲ့ အရှေ့ဘက်နဲ့ ကျောဘက်မှာ တည်ရှိလိမ့်မယ်လို့ ဆိုပါတယ်။

Artificially Intelligent Voice Assistant

Samsung ဟာ ၎င်းရဲ့ ခေတ်မမီတော့တဲ့ S voice system နေရာမှာ artificial intelligence အခြေခံ voice assistant ကို အစားထိုးသုံးစွဲမယ်လို့ မျှော်လင့်ရပါတယ်။

ပမာဏ တိုးမြှင့်ထားတဲ့ RAM နဲ့ internal storage

Galaxy Note 8 မှာ 6GB RAM နဲ့ 128GB onboard memory ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် MicroSD card ကနေတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါလိမ့်မယ်။

အဆင့်မြှင့်ထားတဲ့ S-Pen

Galaxy Note 8 မှာ အဆင့်မြှင့်ထားတဲ့ S-Pen stylus ပါဝင်လာဖွယ်ရှိပါတယ်။ အမေရိကန်မူပိုင်ခွင့်ဌာနဟာ မကြာသေးမီက S-Pen အတွင်းမှာ စပီကာတစ်ခုပါဝင်တဲ့ Samsung ကုမ္ပဏီရဲ့ မူပိုင်ခွင့်လျှောက်ထားချက်ကို ဖော်ပြခဲ့ပါတယ်။

Samsung မဟုတ်တဲ့ ဘက်ထရီများ

Note 7 မှာ ဘက်ထရီချွတ်ယွင်းမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် Note 8 မှာ LG က ထုတ်လုပ်တဲ့ ဘက်ထရီတွေကို မြင်တွေ့ရဖွယ်ရှိပါတယ်။

Internet Journal

No comments: