Tuesday, December 27, 2016

ထောင်ဒဏ်တစ်လ ကျခံရသည့် တောင်သူ ၇၂ ဦးအရေး နိုင်ငံတော်သမ္မတထံ အသနားခံစာတင်မည်

 စစ်တပ်က တရားလို ပြု တိုင်ကြား၍ ထောင်ဒဏ်တစ် လ ကျခံနေရသည့် တောင်သူ ၇၂ ဦးအမှုကို နိုင်ငံတော်သမ္မတထံ သို့ အသနားခံစာ ပေးပို့အကူ  အညီတောင်းခံမည်ဟု သတင်း ရရှိသည်။

တောင်သူများအစုလိုက် အပြုံလိုက် ပြစ်ဒဏ်ချမှတ်ခံ၊ ထောင်ဒဏ် ချမှတ်ခံနေရမှုများ အတွက် နိုင်ငံတော်သမ္မတထံ အသနားခံစာ ပေးပို့ရန် စီစဉ် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု တောင်သူများအား လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် တရား ဥပဒေ စိုးမိုးရေးကွန်ရက်အဖွဲ့မှ ဦးဝင်းနိုင်စိုးက ပြောသည်။

‘‘တောင်သူတွေ ထောင်ဒဏ် ချမှတ်ခံရတဲ့အတွက် နောက်မှာ ကျန်ခဲ့တဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက် နေကြရပါတယ်။ ဒါကိုလည်း စာ ရင်းပြုစုထားပြီးတော့ တောင်သူ တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ဖို့အတွက် နိုင်ငံတော်သမ္မတထံကို စာတင်ပို့သွားပါမယ်’’ဟု ဦးဝင်း နိုင်စိုးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သို့လည်း တောင်သူများအတွက် အသနားခံစာ မိတ္တူ ပူးတွဲပေးပို့ မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတထံ သို့ ပေးပို့မည့်စာကို ဒီဇင်ဘာ ၂၈ရက် နောက်ဆုံးထားပေးပို့မည် ဟု ဆိုသည်။ ပုဒ်မ ၄၂၇၊ ၄၄၇ တို့ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာနေ တောင်သူ၇၂ ဦးအမှုကို တောင်ကြီးမြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၂ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်လ ကျခံစေရန် အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တောင်သူများ အစုလိုက် အပြုံလိုက် ထောင်ဒဏ်ချမှတ်ခံရခြင်းသည် မြန်မာပြည်တွင် ပထမဦးဆုံး အကြိမ်ဖြစ်သည်ဟု တောင်ကြီးအခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်မောင်တိုးက ပြောသည်။ တပ်သိမ်းမြေများနှင့်ပတ်သက်၍ မြေယာစုံစမ်းမှုကော် မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ တို့ထံတွင် ၂၀၁၂ ကစ၍ ယနေ့ တိုင် စာတင်၍ တိုင်ကြားထား သော်လည်း အကြောင်းမသိရ သေးဟု ရှမ်းပြည်နယ် တောင်သူ လယ်သမားများ သမဂ္ဂအဖွဲ့မှ ဦးတင်ရွှေက ဆိုသည်။

No comments: