Monday, December 26, 2016

ဦးမျိုးရန်နောင်သိန်း အာမခံလျှောက်ထားမှု အာမခံမရ

ဦးမျိုးရန်နောင်သိန်း အမှုအား ခရိုင်ရုံး၌အာမခံ လျှောက်ထားရာ ခရိုင်တရားသူကြီးက အာမခံမပေးခဲ့ကြောင်း ၎င်းအမှုကို လိုက်ပါဆောင် ရွက် ပေးနေသည့် ရှေ့နေဦးကျော်ဟိုးက ဒီဇင်ဘာ ၂၆ ရက်တွင်The Ladies သို့ပြောသည်။

 

မြို့နယ်တရားသူကြီးမှ ရည်ညွှန်းသော နောက်ဆက်တွဲဇယားအရ မပေးခြင်းဖြစ်ပြီး ထူးခြားဖြစ်စဉ် မရှိခြင်း ကြောင့်ဟု အကြောင်းပြကာ အာမခံမပေးခဲ့ကြောင်း ၎င်းကဆိုသည်။

 

“ဒီလိုမျိုးအမိန့်ချတာ ကိုတော့ ကျွန်တော်တို့က လက်မခံဘူး စိတ်ပျက်တယ်ပေါ့၊ တိုင်းတရားရုံးကို ဆက်တက်လို့တော့ ရတယ်။ ဒါပေမယ့်ကျွန်တော်တို့ မတက်တော့ဘူး တိုင်းတရားရုံးက အမှုတစ်မှု တစ်မှုကို အနည်းဆုံး ခြောက်လလောက် ကြာတယ်လေ။ ကျွန်တော် တို့လူတွေက အချုပ်နဲ့ နေရတာဆိုတော့ ဆက်မတက်တော့ဘူး” ဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။

 

ဦးမျိုးရန်နောင်သိန်းအား ဒီဇင်ဘာ ၂၇ ရက် တွင် မြို့နယ် တရားရုံး၌ ရုံးထုတ်မည်ဖြစ်ပြီး တရားလိုပြ သက်သေများကို ဆက်လက် စစ်ဆေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ဦးမျိုးရန်နောင်သိမ်းသည် အောက် တိုဘာ ၁၄ ရက်တွင် ရခိုင်အရေးနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အသရေပျက် စေသော စာသားများ ဖေ့စ်ဘုတ် ၌ ရေးသားခဲ့သည် ဆိုသော စွဲချက်ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့် တိုင်ကြား ခဲ့ခြင်း ဖြစ်သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: