Monday, December 26, 2016

အိန္ဒိယနိုင်ငံ တောင်ပိုင်းက ဘုရားကျောင်း အတွင်း လူအုပ်ပိမှုကြောင့် ၂၅ ဦး ဒဏ်ရာရ

 

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရာလာပြည်နယ်ရှိ ဘုရားကျောင်းအတွင်း၌ တွေ့ရသည့် ဘုရားဖူးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)    နယူးဒေလီ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရာလာပြည်နယ်တွင် ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းက ဘုရားကျောင်း တစ်ကျောင်းအတွင်းသို့ လူအုပ် အများအပြား တိုးဝင်မှုကြောင့် လူအုပ်ပိကာ အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

    “ဒေသစံတော်ချိန် ည ၇း၀၀ နာရီ အချိန်က Sabarimala ဘုရားကျောင်းမှာ ဝတ်ပြုသူတွေက ဘုရားဆင်းတုဆီကို ရောက်ဖို့ လူတန်းကို ကျော်တက်ဖို့ လုပ်ခဲ့ကြတယ်၊ ဒီလို လုပ်ဆောင်တာတွေက လူအုပ်ပိမှု ဖြစ်စေခဲ့တာပါ” အခင်း ဖြစ်ပွားရာနေရာတွင် ရှိနေသည့် အမည်မဖော်လိုသူ အရာရှိက ပြောသည်။

    ဒဏ်ရာရရှိသည့် ဝတ်ပြုသူများသည် အိမ်နီးချင်း အန်ဒရာ ပရာဒတ်ရှ်ပြည်နယ်မှ ဖြစ်ပြီး ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များက နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

    လက်ရှိ အခြေအနေအား ထိန်းချုပ်နိုင်ပြီး ဖြစ်ပြီး လူအုပ်အား ကိုင်တွယ်နိုင်ရန် ရဲတပ်ဖွဲ့များအား ခေါ်ယူခဲ့ကြောင်း ဒေသခံ ရုပ်မြင်သံကြားမှလည်း အခင်း ဖြစ်ပွားသည့် အခြေအနေအား ရိုက်ကူးတင်ပြထားသည်။

    အိန္ဒိယနိုင်ငံတွင် ယခုလို ဘုရားကျောင်းအတွင်း လူအုပ်ပိမှုသည် ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပေ။ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘုရားကျောင်းအတွင်း လူအုပ်ပိမှုကြောင့် ဘုရားဖူးလာသူ ၁၀၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)

No comments: