Tuesday, December 27, 2016

ထိုင်းနိုင်ငံ ရနောင်း-ချွန်ဖုံ ခရီးသည်ယာဉ်တိုက်မှု မြန်မာရွေ့ပြောင်း အလုပ်သမားများ သေဆုံး


 


ရနောင်း ၊ ဒီဇင်ဘာ ၂၇ ရက်

ကော့သောင်းမြို့တဖက်ကမ်း ၊ ထိုင်းနိုင်ငံ ရနောင်းမြို့ မှ ချွန်ဖုံ မြို့သို့ ထွက်ခွာသည့်ခရီးသည်တင်ယာဉ်တစ်စီး ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်အာရုဏ်မတက်မီအချိန် က ချွန်ဖုံပါနန် ရပ်ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့ မှ ချွန်ဖုံ မြို့သို့ မြန်မာရွေ့ပြောင်းအလုပ်သမား ၁၈ ယောက်အား တင်ဆောင်ထွက်ခွာလာသည့် ခရီးသည်တင် ယဉ်သည် ချွန်ဖုံပါနန် ရပ်ကွက် အရောက်တွင် လမ်းဘေးဓာတ်တိုင် နှင့် အရှိန်ပြင်းစွာ ဝင်တိုက်မိပြီး ကားမှာ သုံးပိုင်းပြတ် ၍ ထိုင်း လူမျိုးယဉ်မောင်းနှင့်အတူ မြန်မာအလုပ်သမား ၄ ဦး အခင်း ဖြစ် နေရာ တွင်ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း ၊ ကျန်မြန်မာအလုပ်သမား ၁၄ဦး မှာ ချွန်ဖုံ ဆေးရုံတွင် အရေးပေါ်လူနာအဖြစ်တက်ရောက်ကုသ နေကြောင်းထိုင်းနိုင်ငံမှာလာသည့် သတင်းများအရသိရှိရသည်။

Iprd Kawthoung

No comments: