Monday, December 26, 2016

လက်ဗွေနှင့် ကျောဘက်ကင်မရာကို ၁၈ ကာရတ်ရွှေဖြင့် အနားကွတ်ထားသည့် Mi Mix Exclusive Edition ဈေးကွက်ဝင်

ဘောင်ပျောက်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Xiaomi အမှတ်တံဆိပ် Mi Mix Exclusive Edition ကို ပြည်တွင်းဈေးကွက်ဝင် ဝယ်ယူနိုင်ပြီဖြစ်သည်။ အဆိုပါ Mi Mix ဖုန်းတွင် ကျောဘက်လက်ဗွေလုံခြုံရေး ခလုတ်နှင့် ကင်မရာစနစ်အား ရွှေဘောင်အနားကွတ်ထားပြီး ရွှေထည့်သွင်းတည်ဆောက်ထားမှုပမာဏ ၁၈ ကာရတ်ရှိကြောင်း သိရသည်။

ယခုဝင်ရောက်လာသည့် Mi Mix သည် RAM 6GB နှင့်Internal Memory 256GB အမျိုးအစားဖြစ်သည်။ GSM နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်ပြီး မြင်ကွင်းအရွယ်အစား ၆.၄ လက်မရှိကာ အမြန်နှုန်း 2.3 GHz ရှိသည့် Quad-core Snapdragon 821 CPU ကို အသုံးပြုထားသည်။ 16MP ကျောဘက်ကင်မရာနှင့် 5MP အမျိုးအစား ရှေ့ကင်မရာများ တပ်ဆင်ထားသည်။ လက်ဗွေလုံခြုံရေးစနစ်၊ WiFi 802.11 a/b/g/n/ac, Bluetooth 4.2, Quick Charge 3.0 နည်းပညာနှင့် Type-c connector စနစ်များထောက်ပံ့ပါဝင်ပြီး ဘက်ထရီမှာ 4400mAh အမျိုးအစားကို အသုံးပြုထားသည်။ ယင်းဖုန်း၏ တန်ဖိုးမှာ ၉၄ဝ,ဝဝဝ ကျပ်ဝန်းကျင်ရှိပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်း - ၀၉၄၄ဝ၆၉၆၆၉၉ တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

Internet Journal

No comments: