Wednesday, December 28, 2016

မှတ်ပုံတင်အတုဖြင့် ကားသွင်းခွင့် လျှောက်သူတစ်ဦးကို တရားစွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် နိုင်ငံသား မှတ်ပုံတင်ကတ် အတုဖြင့် လူပုဂ္ဂိုလ် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် လိမ်လည် လျှောက်ထားသည့် အမျိုးသမီး တစ်ဦးကို တရားစွဲဆို အမှုဖွင့်ထားကြောင်း ယင်းဝန်ကြီး ဌာနထံမှ သိရသည်။

“လောလောဆယ်တော့ အဲဒီ တစ်ဦးပဲ ရှိသေးတယ်။ နေပြည်တော်မှာကတော့ စစ်ဆေးဆဲပဲ။ မတွေ့ရသေးပါဘူး”ဟု ယင်းဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။

အစိုးရအနေနှင့် လိမ်လည်သူများကို ထိုသို့ ဖော်ထုတ် အရေးယူ၍ အမှန်တကယ် လျှောက်ထားသူများကိုလည်း စိစစ်၍ ခွင့်ပြုပေးသင့်ကြောင်း မော်တော် ယာဉ်လုပ်ငန်းရှင်များက ပြောကြားသည်။

မော်တော်ယာဉ် တင်သွင်းမည့်သူ ကိုယ်တိုင် လိုင်စင် လျှောက်ထားမှသာ မော်တော်ယာဉ် တင်သွင်းခွင့် ပေးမည်ဆိုခြင်းကြောင့် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်း အတုများဖြင့် လာရောက် လျှောက်ထားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားခြင်းကို သတ်မှတ်ရက် မတိုင်မီ ရပ်ဆိုင်းခဲ့သည်။

No comments: