Friday, December 30, 2016

ရွှေညောင်တွင် မီးလောင်မှုဖြစ်ပွား နေအိမ်သုံးလုံး ဆုံးရှုံး


 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့နယ် အောင်သပြေ စဥ့်ဟယ်ရပ်ကွက်၊ နယ်မြေ(၁)တွင် ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက်(၆)နာရီ (၁၀)မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့နယ် မီးသတ်ဦင်္းစီးဌာနမှ သိရသည်။


"ဒီမနက်၆နာရီ (၁၀)မိနစ်မှာ စလောင်တာပါ။ ဘယ်ကစလောင်တယ်ဆိုတာတော့ ကျွန်တော်တို့ စစ်ဆေးနေဆဲပါ။ ခုထိတော့ ရှာမရသေးပါဘူး။ နေအိမ်ကတော့ (၃)လုံးလောင်သွားပါတယ်၊။ နေအိမ်ကတော့ သွမ်မိုး ထရံကာပါပဲ။ အမှုကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောသည်၊


မီးလောင်မှု ဖြစ်ပွားရာသို့ တောင်ကြီးမှ မီးသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ် (၁)စီး ၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရွှေညောင်မှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး ၊ အေးသာယာမှ မီးသတ်ယာဉ် (၁)စီး ၊ ညောင်ရွှေမှ မီးသတ်ယာဉ် (၁)စီး တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်၊၊

သတင်း - နိုနို
ဓာတ်ပုံ - Lin Lin
Tachileik News Agency

No comments: