Tuesday, December 27, 2016

ကျိုက်ထီးရိုးဘုရားဖူးများလာ၍ တောင်တက်ကားများ အချိန်ပြောင်းလဲပြေးဆွဲ

ကျိုက်ထီးရိုးတောင်တက်ကားများသည် ဒီဇင်ဘာ ၂၄ ရက်ကစ၍ နံနက် ၂ နာရီမှ ည ၈ နာရီအထိ ပြေးဆွဲနေပြီဖြစ်သည်။ (ဓာတ်ပုံ − စိုင်းဇော်)

ယခုရက်ပိုင်းအ တွင်း ကျိုက်ထီးရိုးစေတီသို့ လာ ရောက်ဖူးမြော်သူများလာသဖြင့် တောင်တက်ကားများ အချိန် ပြောင်းလဲပြေးဆွဲထားသည်ဟု ကျိုက်ထီးရိုးတောင်တက် မော် တော်ယာဉ် အသင်းမှ သိရသည်။

ကျိုက်ထီးရိုးတောင်တက် ကားများကို ယခင်နံနက် ၆ နာရီမှ ည ၆ နာရီအထိသာ ပြေးဆွဲ ခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်မှစ၍ လ ကုန်အထိ တောင်တက်ကားများ ကို နံနက် ၂ နာရီမှ ည ၈ နာရီအထိပြောင်းလဲပြေးဆွဲခြင်း ဖြစ်သည်။

‘‘ဒီရက်ပိုင်းက ရုံးပိတ်ရက်နဲ့ လည်း ဆုံတော့ ကျိုက်ထီးရိုး ဘုရားဖူးတဲ့ လူအရမ်းများတယ်။ အရင်အချိန်အတိုင်း ပြေးဆွဲရင် ဘယ်လိုမှ အဆင်မပြေဘူး။ ဒါ ကြောင့် အချိန်ပြောင်းလဲပြေးဆွဲ တာပါ။ ကားဈေးနှုန်းတွေက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ပိုမတောင်းပါ ဘူး။ ပိုတောင်းတဲ့ ကားတွေကို အရေးယူလို့ရတဲ့အတွက် ကျွန် တော်တို့ဆီ တိုင်ကြားနိုင်တယ်’’ ဟု ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးဝိတင်က ပြောသည်။

 ကျိုက်ထီးရိုး တောင်ခြေ ကင်ပွန်းစခန်းမှ ဘုရားရင်ပြင် တော်အထိ နောက်ခန်းကားခနှုန်း ထားကို တစ်ဦးလျှင် ၂,၅၀၀ ကျပ်မှ ၂,၀၀၀ ကျပ်သို့လျော့ချကောက်ခံသည်ဟု ဦးဝိတင်က ဆိုသည်။

ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်းရှိ တောင်တက်ကားများကိုသာ ပြေးဆွဲပြီး ဘုရားတောင်ပေါ်သို့ အခြား တောင်တက်ကားများ ပြေးဆွဲပါ က ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်သည်။

ယခုနှစ် ဘုရားပွဲတော်ရာသီ မှစပြီး တောင်တက်ကားများကို ယာဉ်နံပါတ်၊ ယာဉ်မောင်းနာမည်၊ ယာဉ်နောက် လိုက်နာမည်များ ရေးသားထားမည်ဖြစ်ပြီး အဆင်မပြေပါက တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များလည်း ရေးသားထားပေးမည် ဖြစ်သည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် အမည်ပါရှိသည့် လည်ဆွဲကတ်များ ချိတ်ဆွဲထားရမည် ဖြစ်ကြောင်းတောင်တက်မော်တော်ယာဉ် အသင်းထံမှ သိရှိရသည်။

ကျိုက်ထီးရိုးဘုရားပွဲတော် ရာသီဖြစ်သည့် သီတင်းကျွတ်လ ပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့် သည်များ တစ်ရက်လျှင် သိန်းချီလာရောက်ကြသည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သတင်းရရှိသည်။

 ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းကို ၁၉၉၃ က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိတွင် ကျိုက်ထီးရိုးသို့ ပြေးဆွဲနေသည့် တောင်တက်ယာဉ် ၁၅၀ စီးရှိသည်ဟု တောင်တက်မော်တော်ယာဉ်စာရင်းဇယားအရ သိရသည်။

No comments: