ဆိုင်ကယ်နှင့် Lifan ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရမှုများဖြစ်ပွားနေပြည်တော်၊ ဒီဇင်ဘာ ၂၆
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ဆောမြို့နယ်၊ ဆော-ဆိပ်ဖြူကားလမ်း၊ မိုင်တိုင်အမှတ်(၆၇/၂-၃)ကြား၌ ဆိုင်ကယ်နှင့် Lifan ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရမှုများဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။
သီးကုန်းရွာဘက်မှ ဆောမြို့ဘက်သို့ ရင်ခေါ်သီရိ ရပ်ကွက်နေ ဇော်လင်း(၄၃)နှစ်မောင်းနှင်လာသည့် ၉ဌ/×××× Lifan ယာဉ်နှင့် သီးကုန်းကျေးရွာနေ ဇင်ထက်လင်း(၁၉)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ထွန်းထွန်းနိုင် (၁၀)နှစ်နှင့် တင်မင်းထွန်း(၁၉)နှစ်တို့ လိုက်ပါလာသည့် FOLLOW ME-125 ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဇင်ထက်လင်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပါသည်။
ထွန်းထွန်းနိုင် နှင့် တင်မင်းထွန်းတို့တွင်လည်း ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း ဇော်လင်းနှင့် ဇင်ထက်လင်း တို့အား ဆောမြို့မရဲစခန်းယာဉ်(ပ)၁၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
No comments:
Post a Comment