Thursday, December 29, 2016

တိုက်ခန်း ၈၆၀၀ ထပ်မံဆောက်လုပ်ပြီး လျှောက်ထားသူတွေကို အလှည့်ကျ ရောင်းချပေးမယ်

တန်ဖိုးမျှ တိုက်ခန်းပေါင်း ၈၆၀၀ ထပ်မံဆောက်လုပ်ပြီး လက်ရှိလျှောက်ထားသူတွေကို အလှည့်ကျရောင်းချသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်ကျော်ဦးကပြောပါတယ်။

လက်ရှိမှာမြရည်နန္ဒာရပ်ကွက်မှာ တည်ဆောက်ပြီးစီးနေတဲ့တန်ဖိုးမျှ အိမ်ရာအခန်းပေါင်း ၅၆၀ ကို ရောင်းချနိုင်ဖို့ နိုဝင်ဘာ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ လျှော က်လွှာပေါင်း ၁၃၀၀၀ ကျော်ကို ရောင်းချပေးခဲ့ပြီး၂၀၁၇ ခုနှစ် ဇန်နဝါရီလ၄ရက်နေ့မှာ မဲစနစ်နဲ့ ရောင်းချပေးမှာပါ၊

အဲဒီအိမ်ရာမရခဲ့သူတွေအတွက်ထပ်မံဆောက်လုပ်ပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အခုအခါ မှာတော့ ဒီဇင်ဘာလ၂၈ရက်နေ့အထိ လျှောက်လွှာတင်သူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ အသစ်ထပ်မံဆောက်လုပ်မဲ့တန်ဖိုးမျှအိမ်ရာ ၈၆၀ ၀ကို၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်ပြီး ဘတ်ဂျက်ချထားတဲ့ အပေါ်မူတည်ပြီး ဆောက်လုပ်သွားမှာဖြစ်ပါတယ်၊

MCN

No comments: