Tuesday, December 27, 2016

အမျိုး သားနှစ်ဦး၏ ရိုက်နှက်အဓမ္မပြု ကျင့်မှုကိုခံခဲ့ရပြီး ကြိုးဆွဲချ သတ်သေမှု အမှုမှန်ပေါ်ပေါက်စေလို


 

 အဓမ္မပြုကျင့်ခံရမှုကြောင့် မိမိကိုယ်ကိုသတ်သေခဲ့သော မိန်းကလေး၏ဖြစ်စဉ် အမှုမှန်ပေါ်ပေါက်စေလိုကြောင်း ၄င်း၏မိခင်ပြောကြားရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးကွမ်းခြံ ကုန်းမြို့နယ် တော်ခရမ်းအနောက် ကျေးရွာအုပ်စု ကျွန်းချောင်းကျေး ရွာတွင် အလိုမတူ အဓမ္မပြုကျင့် ခံရမှုကြောင့် မိမိကိုယ်ကိုသတ်သေ ခဲ့သော အသက်(၁၇ နှစ်) အရွယ် မိန်းကလေး၏ ဖြစ်စဉ်အား မြို့နယ် ရဲတပ်ဖွဲ့မှ သေမှုသေခင်းဖြင့် အမှု ဖွင့်ထားသည့်အပေါ် သေဆုံးသူ၏ မိဘများက မုဒိမ်းမှုဖြင့် ပြန်လည် တိုင်ကြား အမှုဖွင့်ထားကြောင်း သိရသည်။

သေဆုံးသူ၏ မိခင်ဒေါ်ခင်ညွန့် ရီက ''ကျွန်မတို့ကတော့ အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အမှုမှန် ပေါ်ဖို့အတွက်လည်း ကြိုးစားနေ ပါတယ်။ သမီးပြောသွားတာမှာ ကျူးလွန်တာက အနိုင်ဆိုတဲ့သူနဲ့ အမျိုးသားတစ်ဦး ပါတယ်ပေါ့။ ဆေးစစ်ချက်နဲ့ပတ်သက်ပြီး ရဲ တပ်ဖွဲ့ထံကနေ ဘာမှမသိရသေး ပါဘူး''ဟု ပြောသည်။

သေဆုံးသူမပွင့်(ခေါ်)မဖူးပွင့် ဖြူသည် ဒီဇင်ဘာလ ၁၃ ရက်တွင် နေအိမ်၌ မိမိကိုယ်ကိုကြိုးဆွဲချ၍ သတ်သေခဲ့ခြင်းဖြစ်သည်။ မသေ ဆုံးမီ ဒီဇင်ဘာလ ၈ ရက်ညက ရွာ လမ်းဘေးရှိ လယ်ကွင်းထဲ၌ အမျိုး သားနှစ်ဦး၏ ရိုက်နှက်အဓမ္မပြု ကျင့်မှုကိုခံခဲ့ရပြီး ငါးရက်အကြာ တွင် စိတ်ဒဏ်ရာဖြင့် ကြိုးဆွဲချ သတ်သေခဲ့ခြင်းဖြစ်သည်ဟု ၄င်း မိသားစုထံမှ သိရသည်။

မင်းဟိန်း
The Union Daily

No comments: