Monday, December 26, 2016

လူသေလူဖြစ်ဝါဒ စာအုပ် ပြန်သိမ်းဖို့ သာသနာရေး ၀န်ကြီးဌာန သတိပေး

သာသနာရေးဝန်ကြီးဌာနက အဓမ္မ၀ါဒအဖြစ် သတ်မှတ်ထားတဲ့ လူသေလူဖြစ်ဝါဒ စာအုပ်ကို ပြန်လည်ရုပ်သိမ်းဖို့နဲ့ ပြန်လည်ရုပ်သိမ်ခြင်း မပြုရင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာန က အသိပေးလိုက်ပါတယ်။

၁၉၅၉ ခုနှစ်က ဆရာတော်သျှင်ဥက္ကဋ္ဌ ရေးသားခဲ့ လူသေလူဖြစ် စာအုပ်ကို ၁၉၈၁ ခုနှစ်က နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂)က အဓမ္မ၀ါဒအဖြစ် သတ်မှတ်ခဲ့ပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက အဲဒီအဓမ္မ၀ါဒမပြန့်ပွားရေးအတွက် တားမြစ်ပိတ်ပင်တဲ့အမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလိုတားမြစ်မိန့်ထုတ်ပြန်ထားပေးမယ့် အဓိပတိ(ဦးအောင်)ဆိုသူက ထုတ်ဝေဖြန့်ချိခဲ့တာကြောင့် သာသနာရေးဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းဖို့ အကြောင်းကြားထားပြီး ပြန်လည်ရုပ်သိမ်းခြင်းမပြုရင် ဥပဒေအရ အရေးယူမယ်လို့ ပြောဆိုထားတာပါ။

MCN

No comments: