Wednesday, December 28, 2016

မုံးကိုးမြို့နှင့်အနီးတစ်ဝိုက် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ


 

မုံးကိုးမြို့နှင့်အနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိနေပြည်တော်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် မုံးကိုးမြို့အနီး လမ်းဘေးခြုံအတွင်းမှ ဆာလာအိတ်ဖြင့်ထုတ်ထားသော အမ် ၂၁ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၂၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်လည်း မုံးကိုးမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ လူမနေသည့် အိမ်ဟောင်းအတွင်းမှ ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၅၃၃ တောင့်၊ RPG ဗုံးသီး ၂ လုံး၊ စက်လတ်ကျည်ခါးပတ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments: