Tuesday, December 27, 2016

တစ်ဦးချင်း ယာဉ်တင်သွင်းခွင့် ထုတ်ပေးမှုရပ်ပြီးနောက် ပြည်တွင်းကားဈေး စံချိန်တင်မြင့်တက်





ပြည်တွင်းကားဈေးကွက်တွင် ကျပ်သိန်း ၂၀ မှ သိန်း ၃၀ အတွင်း ဈေးမြင့်တက်လျက်ရှိသည်။ (ဓာတ်ပုံ − စိုင်းဇော်)

တစ်ဦးချင်းမော်တော် ယာဉ်တင်သွင်းခွင့် ထုတ်ပေးမှု ရပ်ဆိုင်းပြီးနောက် ပြည်တွင်း ကားဈေးကွက်တွင် တစ်စီးလျှင် ကျပ်သိန်း ၂၀ မှ သိန်း ၃၀ အထိ ရက်ပိုင်းအတွင်း စံချိန်တင် မြင့် တက်လာကြောင်း သတင်းရရှိ သည်။

‘‘ကားဈေးက အခုစတက် နေပြီ။ နှစ်သစ်မှာ ထပ်တက်ဖို့ပဲ ရှိတယ်’’ဟု MMM ကားအရောင်း စင်တာမှ ကိုမင်းမင်းမောင်က ပြောသည်။

အထူးသဖြင့် နှစ်သစ်တွင် တင်သွင်းခွင့် မရနိုင်တော့သည့် ၂၀၀၉ မော်ဒယ်အောက် ၁၃၀၀ စီစီအင်ဂျင်ပါဝါကားများ ဈေးနှုန်း သိသာစွာ မြင့်တက်လာကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများက ပြောကြားသည်။

ဈေးကွက်အတွင်း စလစ် ကပ်ကားများမှာလည်း ကျပ် ၁၀ သိန်းအထိ မြင့်တက်နေပြီး လာ မည့်နှစ်တွင် တင်သွင်းရန် မလွယ် ကူတော့သည့် Kluger ၊ Mark X၊  Alphard ကားများက တစ်စီးလျှင်  ကျပ် ၁၀ သိန်းခန့်အထိ မြင့်တက် လာသည်။

ဒီဇင်ဘာ ၂၆ ရက်တွင် Honda Fit ၂၀၀၈ တစ်စီးလျှင် ကျပ်သိန်း ၁၇၀ ကျော်အထိ ပေါက်ဈေးရှိပြီး ၀ယ်မည့်သူ အ လွန်နည်းပါးကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းစခန်းမှ ဦးမင်းဦးက ပြောသည်။

လက်ရှိဈေးကွက်တွင် မူဝါဒ အဟောင်းဖြင့် တင်သွင်းခွင့်ရရှိ မည့် ပါမစ်သီးသန့်အရောင်းအ ၀ယ်ပြုလုပ်သည့် ဈေးကွက်က ကြီးမားနေကြောင်း တစ်နိုင်တစ် ပိုင် မော်တော်ယာဉ် တင်သွင်းသူ ကိုမြတ်မင်းချစ်က ပြောကြားသည်။

ပါမစ်တစ်စောင်လျှင် ကျပ် သိန်း ၂၀ ခန့်မှ သိန်း ၃၀ ခန့်အထိ ပေါက်ဈေးရှိနေပြီး အမှန်တကယ် ကားဝယ်ယူထားသူများ၊ ဂျပန် တွင် ခွင့်ပါမစ်မရရှိသူများက ပြန် လည်ဈေးကောင်းပေး လိုက်လံ ၀ယ်ယူနေခြင်းဖြစ်ကြောင်း သိ ရသည်။

လာမည့်နှစ်သစ်တွင် ကား ၀ယ်စီးလိုသူတစ်ဦးအနေဖြင့် အ နိမ့်ဆုံးကျပ်သိန်း ၂၀၀ ခန့်ရှိရန် လိုအပ်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများက သုံး သပ်သည်။

စလစ်ဈေးမှာ ကျပ်သိန်း ၁၀၀ ခန့် ဖြစ်ပေါ်နေပြီး စလစ်ကပ်ကား တင်သွင်းရန် လိုက်လံဝယ်ယူမှုများ ရှိနေသောကြောင့် အတက်ဈေးသို့ ဦးတည်နေကြောင်း ပြည်တွင်းကားဈေးကွက်မှ စုံစမ်းသိရသည်။

7day

No comments: