Tuesday, December 27, 2016

လားရှိုး-မူဆယ်လမ်း အနည်းငယ်ပြန်ပွင့်သွား၍ ဖရဲ၊ သခွားနှင့် ၀ူခုံးသခွားသီးများ ယွမ်တစ်ထောင်ခန့်ဈေးကျ




မူဆယ်-လားရှိုးပြည် ထောင်စုလမ်းမကြီးတွင် လမ်း ကြောင်းအနည်းငယ် ပြန်ပွင့်လာ ၍ မူဆယ်သို့ သစ်သီးကားများ အ၀င်ပြန်များကာ ရောင်းလိုအား များလာသဖြင့် ဖရဲ၊ သခွားနှင့် ၀ူခုံးသခွားသီးများ တစ်တန်လျှင် ယွမ်တစ်ထောင်ခန့် ဈေးကျလာ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၁ ရက်ကစတင် ၍ ယာဉ်ကြောပိတ်ဆို့နေသည့် ပြည်ထောင်စုလမ်းမကြီးသည် ယခုအခါ ယာဉ်ကြောပြန်ပွင့်လာ ခြင်းကြောင့် ဒီဇင်ဘာ ၂၆ ရက် တွင် မူဆယ်သို့ ဖရဲ၊ သခွားကား အစီးရေ ၃၃၀ ခန့် ၀င်ရောက် ကြောင်း မူဆယ် ၁၀၅ မိုင် သစ် သီးဝလံကုန်စည်ဒိုင် အတွင်းရေး မှူး ဦးစိုင်းခင်မောင်ကပြောသည်။ ယခင် ယာဉ်ကြောပိတ်ဆို့မှုဆိုး ရွားခဲ့စဉ်က တစ်ရက်လျှင် ဖရဲ၊ သခွားကား အစီးရေတစ်ရာ အောက်သာရှိခဲ့သည့် ရက်များ ရှိခဲ့ကြောင်း ၎င်းကပြောသည်။

ထိုသို့သစ်သီးကားများ အ ၀င်များလာ၍ ဖရဲသီးများနှင့် အ ခြားသခွားမျိုးများမှာ ဈေးနှုန်း ပြောင်းလဲမှု မရှိသော် လည်း ဖရဲ၊ သခွားနှင့် ၀ူခုံးသခွားသီးများ ဈေး နှုန်းလျော့ကျလာကြောင်း ဦးစိုင်း ခင်မောင်က ပြောသည်။

‘‘ဒီဇင်ဘာ ၂၄ ရက်လောက် က ဖရဲ၊ သခွားနဲ့ ၀ူခုံးသခွားက တစ်ကီလိုကို ခြောက်ယွမ်ကနေ ကိုးယွမ်ကြားမှာဈေးရှိတယ်။ ဒီ နေ့ဈေးကျသွားတယ်။ တစ်ကီလို ကို ငါးယွမ်ကနေ ရှစ်ယွမ် ဈေး လောက်ပဲရှိတော့တယ်။ တစ်တန် နှုန်းနဲ့ဆိုရင် တစ်တန်ကို ယွမ် တစ်ထောင်လောက် ကျသွား တာပေါ့’’ဟု ဦးစိုင်းခင်မောင်က ပြောသည်။ ယခင်ရက်များက သစ်သီး ကားများ အ၀င်နည်းသည့်အ တွက် တရုတ်ကုန်သည်ဝယ်လက် များက ဈေးကောင်းပေး ၀ယ် ယူနေရာမှ လက်ရှိတွင် ကား အ ၀င်များလာ၍ အခြားဖရဲသီးနှင့် သခွားသီးများလည်း ဈေးနှုန်း အနည်းငယ် ကျသည့် အလား အလာရှိနေကြောင်း ၁၀၅ မိုင်သို့ ဖရဲသီးတင်ပို့ရောင်းချသူ တစ်ဦး က ပြောသည်။

ဒီဇင်ဘာ ၂၆ ရက်က ဖရဲ နှင့်သခွားသီးတစ်ကီလိုဈေးနှုန်း မှာ ထိုင်ဝမ်ဖရဲသီးမှာ ၃ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၈ ယွမ်၊ အစေ့မဲ့ ဖရဲမှာ ၄ ယွမ်မှ ၅ ဒသမ ၃ ယွမ်၊ ရွှေသခွားမှာ လေးယွမ်မှ ခြောက် ယွမ်၊ ဖရဲသခွားမှာ ခြောက်ယွမ်မှ ရှစ်ယွမ်၊ ၀ူခုံးသခွားမှာ ငါးယွမ်မှ ရှစ်ယွမ်၊ ပိုက် သခွားမှာ ငါးယွမ်မှ ခြောက်ယွမ်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ရှိ ခွာညိုသစ်သီးဝလံပွဲရုံမှသတင်း ရရှိသည်။

7day

No comments: