ကဏန်းထောင်သည့်ကိစ္စ စကားများရာက လူသတ်မှုဖြစ်ပွားနေပြည်တော်၊ ဒီဇင်ဘာ ၂၆
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် ကဏန်းထောင်သည့်ကိစ္စ စကားများရာက လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။
ညောင်ကုန်းကျေးရွာနေ ဦးညွန့်(၅၀)နှစ်သည် နေအိမ်၌ အိပ်နေစဉ် ရွာထဲတွင် ဆူညံသံများကြားသဖြင့် သွားရောက်ကြည့်ရှုရာ ရွာလမ်းပေါ်တွင် တူဖြစ်သူ ရဲမင်းထွေး(ခ)မွှေးနီ (၂၆)နှစ်အား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ပတ်ဝန်ကျင်အား မေးမြန်းရာ ရဲမင်းထွေး(ခ)မွှေးနီနှင့် တစ်ရွာတည်းနေ ကိုလတ်(၂၉)နှစ်တို့နှစ်ဦးသည် ကဏန်းထောင်ပြီးပြန်လာရာ လမ်းအရောက် ကဏန်းထောင်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများကြစဉ် ကိုလတ်မှ လက်ထဲတွင်အသင့် ပါလာသော ဓားဦးချွန်ဖြင့်ထိုးခြင်း၊ ဓားမဖြင့်ခုတ်ခြင်းတို့ပြုလုပ်ခဲ့သဖြင့် ရဲမင်းထွေး(ခ)မွှေးနီတွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရိရသည်။
အဆိုပါလူသတ်မှုအား အရေးယူပေးရန် ဦးညွန့်မှ တရားလို ပြုလုပ်တိုင်တန်းရာ ကိုလတ်အား ပြင်စလူနယ်မြေရဲစခန်း(ပ)၅၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။
No comments:
Post a Comment