Tuesday, December 27, 2016

ယန်စီမြစ်ရေအတွင်း အမှိုက်များ စည်းကမ်းမဲ့စွာစွန့် ပစ်ခဲ့သောဒေသခံ (၁၁) ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်း

 


တရုတ်နိုင်ငံအစိုးရအဖွဲ့သည် ယန်စီမြစ်ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေခဲ့သောအမှိုက်သရိုက်များစွန့်ပစ်မှု ကိုထိရောက်စွာအရေးယူသွားရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဥပဒေပညာရှင်များပူးပေါင်းကာစတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်

 ထိုသို့အကောင်အထည် ဖော်နေစေဉ်အတွင်းယန်စီမြစ်ရေအတွင်းသို့ အမှိုက်သရိုက်များစည်းကမ်းမဲ့စွာစွန့်ခဲ့သောဒေသခံ(၁၁) ဦးအားရဲတပ်ဖွဲ့ ကဒီဇင်ဘာလ(၂၅) ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်သွားခဲ့ကြောင်းဆင်ဟွာ သတင်းဌာနကရေးသားဖော်ပြသွားခဲ့သည်။

ယန်စီမြစ်ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အာဏာပိုင်များကယန်စီမြစ်ရေအတွင်းမှ အမှိုက်သရိုက်များကို ပြီးခဲ့သောရက်ပိုင်းကဆယ်ယူမှုများ ပြုလုပ်ခဲ့ရာတန်ချိန်ပေါင်းသန်း(၁၀၀) အထိရရှိခဲ့သည်။

 ထို့ကြောင့် အာဏာပိုင်များက ယန်စီမြစ်အနီးပတ်ဝန်းကျင်တွင် နေထိုင်သောဒေသခံများအားအမှိုက်သရိုက်များကိုယန်စီမြစ်ရေအတွင်းသို့ စွန့်ပစ်မှုများမပြုလုပ်ရန် တားမြစ်ချက်များထုတ်ပြန်ခဲ့သည်။

 သို့သော်လည်းဒေသခံများမှာအမှိုက်သရိုက်များကိုယန်စီ မြစ်ရေးအတွင်းစွန့်ပစ်နေဆဲ ဖြစ်သောကြောင့် ရဲတပ်ဖွဲ့မှ ပတ္တရောင်လှည့်ကာဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရသည်။

 ဖမ်းဆီးထိန်းသိမ်းထားသောဒေသခံ (၁၁)ဦးအားမည်သည့် ပုဒ်မဖြင့် အရေးယူဆောင်ရွက်သွားမည်ကိုတရုတ်နိုင်ငံတရားရုံးချုပ်ကစတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်းလည်းသိရသည်။

ဖမ်းဆီးရမိထားသောဒေသခံ (၁၁)ဦးမှ စွန့်ပစ်ခဲ့သောအမှိုက်သရိုက်တန်ချိန်ပေါင်းမှာ (၂၉၀၀)တန်ချိန်အထိရှိခဲ့ကြောင်းလည်းသိရသည်။

 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ ၂၀၁၅ ခုနှစ်အတွင်းယန်စီမြစ်အတွင်း၌ အမှိုက်သရိုက်ဆယ်ယူမှုမှာအကြိမ်ပေါင်းများစွာရှိခဲ့ပြီ ဖြစ်ပြီး၊ ဆယ်ယူရရှိထားသောမိသားစုသုံးအမှိုက်သရိုက်တန်ချိန် စုစုပေါင်းမှာ (၁၈၅) သန်းတန်ချိန်အထိရှိခဲ့ကြောင်း လည်းသိရသည်။

 ထို့အပြင် စက်ရုံမှ စွန့်ပစ္စည်းတန်ချိန်ပေါင်း ၁ ဒဿမ ၉ ဘီလျံတန်အထိရှိခဲ့ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ

No comments: