Wednesday, December 28, 2016

မန္တလေး-မူဆယ်လမ်း ယာဉ်ကြောပိတ်၍ တန်ဆာခ တစ်တန်လျှင် ကျပ်နှစ်သောင်းခန့် ဈေးတက်


မန္တလေး-မူဆယ်လမ်းပေါ်တွင် မောင်းနှင်နေသော ကုန်တင်ယာဉ်များ (ဓာတ်ပုံ − စိုင်းဇော်)

မန္တလေး-မူဆယ်ပြည် ထောင်စုလမ်းမကြီးတွင် ယာဉ် ကြောပိတ်ဆို့မှုများကြောင့် ကုန် တန်ဆာခများ ဈေးနှုန်းမြင့်တက် လာကြောင်း မူဆယ်မြို့ရှိ ကုန် သည်အချို့က ပြောသည်။

မန္တလေး - မူဆယ် ပြည် ထောင်စုလမ်းကြီးတွင် ကွတ်ခိုင်နှင့် နန့်ဖက်ကာမြို့ အကြား၌ လမ်းအခြေအနေကြောင့် မော် တော်ယာဉ်များ ပိတ်ဆို့နေ၍ ကုန် တန်ဆာခ တစ်တန်လျှင် ကျပ် တစ်သိန်းနီးပါးအထိ မြင့်တက် လာသည်ဟု သိရသည်။

ပွင့်လင်းရာသီတွင် ကုန်စည်တန်ဆာခသည် ပုံမှန်အားဖြင့် ရန်ကုန်မှ မူဆယ်သို့ တစ်တန်လျှင်ကျပ်ရှစ်သောင်းခန့်ရှိသဖြင့် လက်ရှိကုန်တန်ဆာခများ တစ်တန်လျှင် ကျပ်နှစ်သောင်းခန့် ဈေးမြင့်တက်လာသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ အများဆုံးတင် ပို့ရောင်းချနေရသည့် မြန်မာနိုင်ငံ မှ ပို့ကုန်က သကြားဖြစ်ပြီး တစ် ရက်လျှင် အိတ်ရေ ကိုးသောင်း ခန့်ရှိသည်ဟု ဆိုသည်။

      မူဆယ်ဈေးကွက်တွင်သကြားတစ်အိတ်လျှင် ၂၈၆ ယွမ် (၅၅,၅၀၀ ကျပ်ကျော်) ဈေးရှိပြီး တရုတ်- မြန်မာငွေလဲနှုန်းမှာ တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၁၉၄ ကျပ်ကျော်ရှိကြောင်း သိရသည်။

7day

No comments: