Thursday, December 29, 2016

အမျိုးသမီးငယ် များအား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သည့် တရုတ် နိုင်ငံသား လုပ်ငန်းရှင်အား ပုဒ်မ ၃ ခုဖြင့် မြိတ်ခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်

 


မြိတ်မြို့မှာ ကြိမ်သီးစေ့ လုပ်ငန်း လာရောက် လုပ်ကိုင်နေတဲ့ အလုပ်ရုံပိုင်ရှင် တရုတ် နိုင်ငံသားဟာ အလုပ်သမား အမျိုးသမီးငယ် တွေကို ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်းတို့ ပြုလုပ်ခဲ့လို့ ကာယကံရှင်တွေ တိုင်ကြားချက် အရ ပုဒ်မ ၃ ခုတပ်ပြီး ဖမ်းဆီ အရေးယူ ပြီးတဲ့နောက် မြိတ်ခရိုင် တရားရုံးက ထောင်ဒဏ် နှစ်နှစ်နှင့် သုံးလ ချမှတ် လိုက်ကြောင်း သိရပါတယ်။

အဆိုပါ တရုတ်နိုင်ငံသားကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁) ဖြင့် ထောင်ဒဏ် ၂ နှစ် ၊ သစ်တော ဥပဒေပုဒ်မ ၄၁(က)အ၇ ထောင်ဒဏ် ၁ လ ၊ ညစ်ညမ်းပုံများ ပြသခြင်း ပုဒ်မ ၂၉၂ (က)အ၇ ထောင်ဒဏ် ၁ လ ၊ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် နှင့် ၂ လ ကို ဒီဇင်ဘာ ၂၃ ရက်က ချမှတ်လိုက်ကြောင်း သိရပါတယ်။

အမှုဖြစ်စဉ်ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ (၉)နာရီကျော်ခန့် အချိန်မှာ အလုပ်သမား မထက်ထက်ဝင်း၊ အသက် (၁၈)နှစ် နဲ့ အလုပ်သမား ၄ဦးဟာ ကလွင် အုပ်ချုပ်ရေးမှူးရုံးမှာ လာရောက် တိုင်တန်း ခဲ့ပါတယ်။ ၄င်းတို့ဟာ ကလွင် ရေပုန်းရပ် တက္ကသိုလ် ရိပ်သာ(၄)လမ်းရှိ ကြိမ်သီးပုတီးစေ့ အလုပ်ရုံမှ အလုပ်ရှင် တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်း အသက်(၃၄)နှစ် ထံမှာ တစ်လ ၈သောင်း ဖြင့် လုပ်ကိုင်နေစဉ် အလုပ်ရှင် တာကွန်းက ကာယ အိနြေ္ဒ ပျက်ပြားအောင် ပြုမူခဲ့ကြောင်း ကလွင် အုပ်ချုပ်ရေးမှူး ရုံးမှာ လာရောက် တိုင်တန်းခဲ့လို့ ကလွင် အုပ်ချုပ်ရေးမှူးက တဆင့် ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အလုပ်ရှင် ဖြစ်တဲ့ တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်းဟာ မထက်ထက်မှ ကြိမ်သီး ရေဆေးနေစဉ် နောက်ဖက်က နေပြီး ရင်သားအား ကိုင်ခြင်း၊ တင်ပါးအား ကိုင်ခြင်းတို့ ပြုလုပ်သည့် အပြင် အခြား အလုပ်သမား အမျိုးသမီးများကိုလည်း ၄င်း၏ ဖုန်းထဲမှ အမျိုးသား အမျိုးသမီး ညစ်ညမ်းပုံများ ပြသခဲ့လို့ မထက်ထက်က မကျေမနပ် ဖြစ်ကာ တိုင်ကြား ခဲ့လို့ မြိတ်မြို့မ ရဲစခန်းမှ (ပ) ၁၇၈၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၅၄/၂၉၂-က ဖြင့် အမှုဖွင့်ကာ ရဲအုပ် ၀င်းမြင့်ထွန်းမှ အမှုစစ် အဖြစ် ဆောင်ရွက် လျက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသား ဇန်ကျွန်း(ခ) တာကောကို မြိတ်မြို့နယ်လဝကဦးစီးမှူး ဦးစိုးနိုင်လွင်မှ စစ်ဆေးရာ မှာလဲ ၄င်းဟာ အမှတ်၊ ၈၈၁၅/ ၅၇၃၈၊ တုံးနုံလမ်း၊ တာတုံချီ ရပ်ကွက်၊ ဇယန်းမြို့၊ တုံးပေ ပြည်နယ်၊ တရုတ်နိုင်ငံ နေသူဖြစ်ပြီး ၄င်းဟာ လုပ်ငန်းဗီဇာဖြင့် မြိတ်မြို့ သို့ လာရောက် နေထိုင်သော်လည်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိတဲ့ အပြင် သက်ဆိုင်ရာဌာနကို သတင်းပို့ဖို့ ပျက်ကွက် တဲ့အတွက် ၁၉၄၇ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်း ချက်များ) အက်ဥပဒေပုဒ်မ ၄(၂)ကို ကျူးလွန်ပြီး ယင်းအက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူပေးပါရန် လဝကဦးစီးမှူး ဦးစိုးနိုင်လွင်မှ တိုင်ကြားစာ ပေးပို့လာ တဲ့အတွက် မြိတ်မြို့မ ရဲစခန်းက (ပ)၁၇၈၃/၂၀၁၆၊ လဝကအက် ဥပဒေ ပုဒ်မ ၁၃(၁)အရ အမှုဖွင့် တရားစွဲ ခဲ့ပါတယ်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ

No comments: