Sunday, December 25, 2016

စက်သုံးဆီဈေး အမြင့်နှုန်းဖြင့်သာရှိ

 ဒေါ်လာဈေးပြန်လည် ကျဆင်းလာသော်လည်း ပြည် တွင်းစက်သုံးဆီဈေးသည် အမြင့်နှုန်းထားဖြင့် ဆက်လက်ရှိနေ ကြောင်း သတင်းရရှိသည်။

တစ်ဒေါ်လာလျှင် ကျပ် ၁,၄၀၀ အထက်ရှိနေခဲ့ရာမှ ဒီဇင်ဘာ ၂၂ ရက်ကစ၍ ပြန်ကျလာရာ ဒီဇင်ဘာ ၂၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်ဈေးရှိ သည်။

သို့သော် ပြည်တွင်းစက်သုံး ဆီဈေးကျမသွားဘဲ ဒီဇင်ဘာ ၂၂ ရက်က ဒီဇယ်တစ်လီတာလျှင် ၇၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၇၂၀ ကျပ်၊ အောက်တိန်း-92 တစ်လီတာလျှင် ၇၁၀ ကပ်နှင့် အောက်တိန်း-95 တစ်လီတာလျှင် ၇၅၀ ကျပ်ခန့်ဖြင့် ရောင်းချမှုများ ရှိနေသည်။

‘‘ဆီဈေးက ဒေါ်လာဈေးနဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် တ ခြား ဆက်စပ်မှုတွေလည်း ရှိနေ တယ်။ ဥပမာ နိုင်ငံတကာဈေး ကွက်အခြေအနေပေါ်လည်း မူ တည်တာမျိုးတွေလည်း ရှိတယ် လေ။ ဒေါ်လာဈေးအတက်အကျ ဖြစ်တာနဲ့ တစ်ပြိုင်တည်းဈေး လိုက်ပြောင်းဖို့တော့ မလွယ်နိုင် ဘူးလေ’’ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ဒေါ်လာဈေးပြန်လည်ကျ ဆင်းလာခြင်းကြောင့် စက်သုံးဆီ ဈေးနှုန်းလည်း ရက်ပိုင်းအတွင်း ပြန်ကျလာမည်ဟု မျှော်လင့်ရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ဦးကျော်နိုင်က ဆို သည်။

‘‘ဆီဈေးတက်ပေမယ့်လည်း ကုန်စည်ပို့ဆောင်ခနှုန်းက တင်လို့မရဘူးဖြစ်နေတော့ ဒီရက်ပိုင်း လုပ်ရကိုင်ရတာနည်းနည်းကျပ် နေတယ်။ ဒါကလည်း နှစ်တိုင်းဒီ ရာသီရောက်တိုင်းဖြစ်နေကျလို့ လည်း ပြောလို့ရတယ်။ အရင်နှစ် တွေကထက်တော့ ဒီနှစ်က ဆီဈေးအတက်ကြမ်းသွားတဲ့ အခြေအ နေမျိုးဖြစ်သွားတာပေါ့’’ဟု ဦး ကျော်နိုင်က ပြောသည်။

7day

No comments: