နေပြည်တော်၊ ဒီဇင်ဘာ ၂၄
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ နှစ်သစ်ကူးကာလတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူ များပြားသောကြောင့် နံနက် ၂ နာရီမှ ညနေ ၆ နာရီအထိ တောင်တက်ကားများ ပြေးဆွဲပေးနေရကြောင်း တောင်တက်မော်တော်ယာဉ်အသင်း ယာဉ်မောင်းများထံမှ သိရသည်။
ပုံမှန်အရ စေတီတော်ပေါ်သို့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ကြိုပို့နေရသော်လည်း နှစ်သစ်ကူးကာလ ဒီဇင်ဘာလ ကျောင်းပိတ်ရက် လာရောက်ဖူးမြော်သူများ အဆမတန် များပြားသဖြင့် ညပိုင်း တောင်ခြေကင်ပွန်းစခန်း ဝန်းကျင်၌ ပြည့်ကျပ်လာမှုကြောင့် တောင်ပေါ်သို့ နံနက် ၂ နာရီတွင် ကားများဖြင့် ပို့ဆောင်ပေးနေရခြင်း ဖြစ်ကြောင်း တောင်တက်မော်တော်ယာဉ် အသင်းထံမှ သိရသည်။
“သန်းခေါင်ကျော် နှစ်နာရီတည်းက အိပ်ယာထပြီး ပို့နေရတာ၊ လစာနဲ့ လုပ်နေရတာ ဆိုတော့ ပိုပေးငွေတော့ မရပါဘူး” ဟု ယဉ်မောင်းတစ်ဦးက ပြောကြားသည်။
အစိုးရသစ်လက်ထက်တွင် ကျိုက်ထီးရိုးစေတီသို့ လာရောက်ဖူးမြော်သူများ စိတ်ချမ်းမြေ့စေရန် တည်းခိုခန်းနှင့် ဟိုတယ်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုကို လျော့ချပေးခြင်း၊ အလှူခံများကို သတ်မှတ်နေရာ ချထားခြင်း၊ တောင်းရမ်းစားသောက်သူများကို ခွင့်မပြုခြင်း စသည့် စည်းကမ်းချက်များကို ထုတ်ပြန်၍ အကောင်အထည်ဖော်လျက် ရှိသည်။
The voice
No comments:
Post a Comment