Sunday, December 25, 2016

မြိတ်မြို့နယ် ကျွဲကူးရွာကျောက်မိုင်း၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး အလုပ်သမား ၂ ဦးသေဆုံး


 


မြိတ်မြို့နှင့် ၉ မိုင်ခန့် ဝေးသည် ကျွဲကူးရွာရှိ ကျောက်ထုတ်လုပ်သည့် လုပ်ငန်းခွင်တွင် ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန် ကျောက်မိုင်း ပေါက်ကွဲ မှုကြောင့် မိုင်းလုပ်သား (၂)ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။


အဆိုပါ ကျောက်မိုင်းမှာ ဦးမောင်အေး ဆိုသူ ငှားရမ်းလုပ်ကိုင်နေပြီး ကျောက်တောင်အား မိုင်းဖောက်ခွဲရာ ကျောက်လုံးကြီးများလွင့်စင်ကာ လုပ်ငန်းခွင်တွင်း ကျောက်ခွဲနေသည့် အလုပ်သမား များအား ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ထိုပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဒဏ်​ရာ ရရှိသူ ၇ဦး၊ ​သေဆုံး​ရောက်​ရှိ ၂ဦး ယေ​န့ ည ၆နာရီတွင် ​မြိတ်​ပြည်​သူ့​ဆေးရုံကြီးသို့ ရောက်​ရှိလာခဲ့ပြီး ဒဏ်​ရာ ရရှိသူများအား အ​ရေး​ပေါ်ကုသမှု​ပေးခဲ့ကြောင်း၊ စိုးရိမ်​ရ လူနာ သုံးဦး အနက်​ တစ်​ဦးအား အ​ရေး​ပေါ် ခွဲစိတ်​ခန်းတွင်​ ကုသမှု​ပေးလျက်​ရှိကြောင်း မြိတ် ပြည်သူ့ ဆေးရုံကြီးက သတင်းထုတ်ပြန် ထားသည်။

ဓာတ်ပုံ - မြိတ်ဆေးရုံ
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ

No comments: