ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: RFA |
နောက်ပိုင်းမှာ ဖမ်းသွားသူတွေထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်လွှတ်ပေးပြီး အရွယ်ရောက်ပြီး အမျိုးသား ၃၀ ကျော်ကိုတော့ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားဆဲရှိတယ်လို့ ဆိုပါတယ်။
မနေ့က မန်စံကျေးရွာဈေးနေ့ဖြစ်တဲ့အတွက် အနီးဝန်းကျင်ကျေးရွာတွေက ဈေးဝယ်သွားခဲ့ကြပြီး ဈေးကွဲချိန် အိမ်အပြန်လမ်းခရီးမှာ RCSS/SSA တပ်ဖွဲ့က အင်အား ၂၀၀ ကျော်ဖြင့် တအာင်းလူမျိုးမှန်သမျှကို ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ၊ အဲ့သလို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးရှာတယ်လို့ အကြောင်းပြပေမယ့် ကျန်လူမျိုးတွေကို လုံးဝစစ်ဆေးမှုမပြုဘဲ တအာင်းလူမျိုးသာ ရွေးပြီးစစ်ဆေးခဲ့တယ်လို့ PSLF/TNLA သတင်း က ဖေါ်ပြပါတယ်။
အဲ့ဒီလို ဖမ်းဆီးစစ်ဆေးတဲ့နေရာသည် မန်စံကျေးရွာအနီး အခြေချတဲ့ မြန်မာ့တပ်မတော်စခန်းနဲ့ တစ်မိုင်ခရီးမျှသာ ကွာဝေးတယ်လို့လည်း ဆိုပါတယ်။
RFA Burmese
No comments:
Post a Comment