Saturday, July 2, 2016

မန္တလေး-ကောလင်းသီးသန့် RBE စနစ်သုံးအထူးလေအိတ်ရထား ယနေ့စပြေး =================================


၁..၇..၁၆
-
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းအတွင်း မန္တလေး-ကောလင်းသီးသန့် RBE စနစ်သုံးအထူးလေအိတ်ရထား ကို ဒီနေ့ဇူလိုင် ၁ ရက်မွန်းလွဲ ၃ နာရီမှစတင်ကာ ပြေးဆွဲလိုက်ပြီဖြစ်ပါတယ်။
-
မန္တလေး-ကောလင်း၊ ကောလင်း-မန္တလေး အစုန်အဆန် နှစ်စင်း နေ့စဉ်
ပြေးဆွဲပေးသွားမှာလို့သိရပြီး ဒေသတွင်း ခရီးသွားလာရေး လုံခြုံသက်သာ
စေဖို့ တွဲတိုင်းမှာ RBE စနစ်သုံးအင်ဂျင်တွေအသုံးပြုထားတယ်လို့ မြန်မာ့
မီးရထားဌာန အထက်မြန်မာပြည်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
-
စတင်ပြေးဆွဲခြင်းအခမ်းအနားကို မန္တလေးဘူတာကြီး စင်္ကြံအမှတ်၁ မှာ
ကျင်းပတာဖြစ်ပြီး ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်
စုဝန်ကြီးဦးသန့်ဇင်မောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
=============
Popular News Journal

No comments: