Saturday, July 2, 2016

ဗလီဟု ယူဆရသော အဆောက်အဦး တစ်ခုအား ဖျက်ဆီးမီးရှို့ မှုဖြစ်ပွား ...


ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မအူပင်ကျေးရွာ ( လုံးခင်းကျေးရွာနှင့် ဥရုချောင်းပဲခြားထားပြီး ၊လက်ရှိတံအသစ်ဆောက်လုပ်ပြီးစီးနေပြီး ဥရုချောင်းအရှေ့ဘက်ကပ်လျှက် တွင် ဖြစ်ပွားခဲခြင်းဖြစ် ) တွင် ဗလီဟု ယူဆရသော အဆောက်အဦးတစ်ခုအား အင်အား (၅၀၀) ခန့်ရှိသော လူအုပ်ကြီးမှ ၁.၇.၂၀၁၆ နေ့ ညနေ ၄:၀၀ အချိန်ခန့်တွင် ဝင်ရောက်ဖျက်ဆီးပြီး မီးရှို့ သည်ဟု ဖားကန့်မြို့နယ် စခန့်မှူး ဒုရဲမှူးလေးမြင့် မှ အတည်ပြုပြောကြားခဲ့ပါသည် ။“ ဗလီကို ဖျက်ဆီးခဲ့တာ ဟုတ်ပါတယ် ။လူအင်အား (၅၀၀) လောက်ရှိမယ်ဗျ ။ လူအသေအပျောက်တော့ မရှိဘူးဗျ ” ဟု တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခဲါပါတယ် ။

    ဖျက်ဆီးခဲ့တဲ့ လူအုပ်ကြီးဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ် ။ အဆိုပါဗလီကိစ္စအား ပြီးခဲ့သော လနောက်ဆုံးပတ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ကိုယ်တိုင် ဖြေရှင်းပေးခဲ့တာလည်းဖြစ်ပါတယ် ။

    ၂.၇.၂၀၁၆ ချိန်ထိတော့ လူမျိုးရေး ၊ဘာသာရေး အဓိကရုဏ်းအသွင်းမျိုး ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတွေ မတွေ့ရှိရဘူးလို့လဲ လုံးခင်းရွာသားတစ်ဦးကပြောပါသည် ။

    လက်ရှိအချိန်တွင် စစ်တပ်က လုံခြုံရေးယူပေးတဲ့ပုံစံတော့ တွေ့နေရသည်ဟု အဆိုပါ လုံးခင်း ရွာသားကပင် ဆက်လက်ပြောကြားခဲ့ပါသည် ။

ဇော်မိုးထက်  ၂.၇.၂၀၁၆

No comments: