Saturday, July 2, 2016

ရန်ကင်း ILBC ကျောင်းကြိုကားများကြောင့် လမ်းပိတ်ဆို့မှု ရပ်ကွက်နေပြည်သူများလက်မှတ်ထိုးပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြား -------------

--------------------------------------------------

ရန်ကုန်၊ ဇူလိုင် ၁

ရန်ကင်းမြို့နယ်ရှိ ILBC ကျောင်း၏ ကျောင်းတက်၊ ကျောင်းဆင်းချိန်တွင် ကျောင်းလာကြိုသည့်ယာဉ်များ ပိတ်ဆို့မှုကြောင့် လမ်းပိတ်ဆို့မှုပြဿနာအတွက် ရပ်ကွက်နေပြည်သူများ၏ လက်မှတ်များ ကောက်ယူပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားထားကြောင်း အဆိုပါရပ်ကွက်နေ သူများထံက စုံစမ်းသိရှိရသည်။

ရပ်ကွက်အတွင်း မလိုလားအပ်သော ဆူညံမှုများဖြစ်ပေါ်ခြင်း၊ ကျောင်းကြိုယာဉ် များက အိမ်ခြံဝများတွင် ပိတ်ရပ်ခြင်းကြောင့် ယာဉ်များ ဝင်ထွက်မရခြင်း၊ ရပ်ကွက်တွင်းရှိ ယာဉ်များ ဝင်ထွက်ရအလွန်ခက်ခဲခြင်းနှင့် အပြင်မှ ရပ်ကွက်အတွင်းသို့လာသော ယာဉ်များ ဝင်ရခက်ခဲနေကြောင်း အဆိုပါ ရပ်ကွက်ရှိ သာယာရွှေပြည်အိမ်ရာတွင် နေထိုင်သူ ဦးဇော်လင်းထွဏ်းက ပြောကြား သည်။

ယင်းကဲ့သို့ လမ်းပိတ်ဆို့မှုအတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံ ရပ်မိရပ်ဖများ ညှိနှိုင်းရာတွင်လည်း ထူးခြားမှုမရှိသေးသဖြင့် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးထံ တိုင်ကြားစာတရားဝင်ပေးပို့ထားပြီးဖြစ်ကြောင်း အဆိုပါရပ်ကွက်တွင် သုံးနှစ်ကြာနေထိုင်နေသူ ၎င်းကပြောဆိုသည်။

“ ဦးဖြိုးမင်းသိန်းထိ တိုင်ထားတယ် ပြောတယ်။ ဒါပေမဲ့ ဘာမှမထူးသေးဘူး” ဟု ဦးဇော်လင်းထွဏ်းက ဆိုသည်။

ရန်ကင်းမြို့နယ်ရှိ ILBC ပုဂ္ဂလိက ကျောင်းသည် (၁၆) ရပ်ကွက်၊ သာယာရွှေပြည် လမ်းတွင် ဖွင့်လှစ်ထားသည်မှာ တစ်နှစ် ကျော်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့တော်တွင် အ.ထ.က (၁) ဒဂုံကျောင်းရှိရာနေရာသည် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံးဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ ILBC ကျောင်းအနီးတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများနေကြောင်း အငှားယာဉ် မောင်းသူများထံမှ သိရသည်။


No comments: