Sunday, July 3, 2016

မန္တလေး မဟာအောင်မြေမြို့နယ်ရှိ HYUNDAI ကားအရောင်းပြခန်းမှ ကားများအား ၅ နှစ်အရစ်ကျ စနစ်ဖြင့် ရောင်းချနေ






မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ HYUNDAI ကားအရောင်း ပြခန်းတွင် H-100 ကားအမျိုးအစားများကို အရစ်ကျစနစ်ဖြင့် ကားတန်ဖိုး ၂၀% ပေးသွင်းကာ ၃ နှစ်အတွင်း အတိုးမဲ့နှင့် ၅ နှစ်ငွေအကျေ ပေးသွင်းသည့် HP Plan စနစ်ဖြင့် ရက်အကန့်အသတ်မရှိ ရောင်းချပေးနေပြီဖြစ်ကြောင်း HYUNDAI ကားအရောင်းပြခန်းမှ သိရှိရသည်။

အဆိုပါ HP Plan တွင် H-100 ကားအမျိုးအစား အပြင် ကျန်သည့် ကားများကိုလည်း ၁ နှစ်အတွင်း အတိုးမဲ့နှင့် ၃ နှစ်အတွင်းငွေအကျေစနစ်ဖြင့် ပြုလုပ်ပေးကာ ကားများအားလုံးကို ၃ နှစ်အတွင်း အလုံးစုံ အာမခံပေး၍ ၀န်ဆောင်မူပေးကြောင်း သိရသည်။

“HP Plan က ရက်အကန့်အသတ် မရှိပါဘူး။ ဒီမှာရှိတဲ့ ကားအားလုံးက ၀ယ်တဲ့သူက Income ပေးစရာ မလိုပါဘူး။ အကုန်အပြီးအစီးပါ။ ကားဝယ်တဲ့ သူတွေအနေနဲ့ ၂၀% ကနေစပြီးတော့ Down Payment ပေးချေရပါတယ်။ H-100 ကားဆိုရင်တော့ ၃ နှစ်အတွင်း ငွေချေမယ်ဆိုရင် အတိုးလုံးဝမယူပါဘူး။”ဟု HYUNDAI ကားအရောင်းပြခန်း တာဝန်ခံ မချမ်းမြေ့ဇင်က ပြောသည်။

HYUNDAI အရောင်းပြခန်းတွင် H-100 ကားအမျိုးစားဈေးနှုန်းမှာ 17000 $ ၊ H-1 ကားအမျိုးအစား ဈေးနှုန်းမှာ Auto – 29400 $ နှင့် M/T – 25600 $ ၊ Elantra ကားအမျိုးအစားဈေးနှုန်းမှာ 28900$ ၊ Sonata ကားအမျိုးအစားဈေးနှုန်းမှာ 38800 $ ၊ I-10 ကားအမျိုးအစား ဈေးနှုန်းမှာ 18400 $ ၊ Creta ကားအမျိုးအစား ဈေးနှုန်းမှာ 27200 $ ၊  Tucson ကားအမျိုးအစား 4-W 41500$ နှင့် 2-W 37800 $ ၊ Santafe ကားအမျိုးအစားဈေးနှုန်းမှာ 53800 $ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်း HYUNDAI အရောင်းပြခန်းရှိ ကားအားလုံး၏ Model မှာ 2016 Brand New ဖြစ်ပြီး ဇွန်လအတွင်းအသစ် ၀င်ရောက်လာသော Creta ကားအမျိုးအစားသည် 1.6 CRDi Diesel Engine ၊ 6-Speed (A/T) ၊ Anti Lock Break System (ABS) ၊ 2 Air Bags တို့ ပါရှိပြီး ပြီးခဲ့သည့်နှစ်တွင် GRAND I-10 ကားအမျိုးအစားမှာ  ၀ယ်ယူသူများ၍ ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း သိရသည်။

“၂၀ % Down Payment နဲ့ ၀ယ်ယူသူတွေဈေးနှုန်းနဲ့ လက်ငင်းငွေချေပြီး ၀ယ်တဲ့သူရဲ့ဈေးနှုန်းအတူတူပါပဲ အရစ်ကျဆိုပေမယ့် ဈေးနှုန်းမပြောင်းပါဘူး။ ကားအကုန်လုံးက 2016 Brand New ဆိုတော့ အရစ်ကျ ၀ယ်စီး တဲ့သူတွေလည်း Model အသစ်စီးလို့ရတယ်။“ဟု ကားအရောင်းပြခန်းမှ ကိုကျော်မျိုးသွင်က ပြောသည်။

HYUNDAI ကားအရောင်းပြခန်းမှ ရောင်းချသည့် HP Plan သည် H-100 ကားအမျိုးအစား ၃ နှစ်အတွင်း အတိုးမဲ့ ဖြစ်ပြီး ၄ နှစ်တွင် ကျန်သည့်ငွေ၏ ၁၀ % နှင့် ၅ နှစ်တွင် ကျန်သည့်ငွေ၏ ၁၅% အတိုးနှုန်းပေးသွင်းရမည်ဖြစ်သည်။

ကျန်သည့် ကားအမျိုးအစားအားလုံးသည် ၁ နှစ်အတွင်း အတိုးမဲ့ဖြစ်ပြီး ၂ နှစ်တွင်ကျန်သည့်ငွေ၏ ၈% နှင့် ၃ နှစ်တွင် ကျန်သည့်ငွေ၏ ၁၁% ပေးသွင်းရမည်ဖြစ်ကာ ကားအမျိုးအစားလိုက်အလုံးစုံအာမခံကြေးကို ၁.၅% မှ ၂.၅ % ဖြင့် အစားစားသတ်မှတ်ပေးကာ ကားအမျိုးအစားအသစ်များလည်း လာမည့်ရက်ပိုင်းတွင် ထပ်မံ ၀င်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။


No comments: