Saturday, July 2, 2016

မြန်မာ့ဓလေ့ထုံးတမ်းအရ လင်ခန်းမယားခန်းပြတ်စဲရန်အဓိက ၃ချက်ရှိပါတယ်


၁...နှစ်ဦးသဘောတူကွာရှင်းခြင်း

၂...လင်ဖြစ်သူရဟန်းပြုခြင်း(ရာသက်ပန်ရဟန်းပြုခြင်း)

၃...အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း

၁...နှစ်ဦးသဘောတူကွာရှင်းခြင်း

        မြန်မာဗုဒ္ဓဘာသာတွင်လင်မယားနျှစ်ဦးသဘောတူလျှင်ကွာရှင်းရန်အလွန်လွယ်ကူပါတယ်..နှစ်ဦးသဘောတူလျှင်စာချုပ်စာတမ်းရေးရန်ပင်မလိုပေ...သို့ပေမဲ့ စာချုပ်စာတမ်းတွင်သက်သေများနှင့်တကွရေးထိုးရန်လိုအပ်ပါတယ်..နောင်တွင်ဖြစ်လာမည့်ပြသနာများအားကာကွယ်သည့်သဘောဖြင့်ဖြစ်ပေလိမ့်မည်..

၂...လင်ဖြစ်သူရဟန်းပြုခြင်း

           လင်ဖြစ်သူရဟန်းဘောင်သို့ဝင်လျှင်လင်မယားအဖြစ်ပြတ်စဲသည်..သို့သော်ရဟန်းပြုခြင်းဆိုရာ၌ရက်အပိုင်းအခြား ရဟန်းပြုခြင်းမဟုတ်ပဲတသက်စာ သာသနာဘောင်ဝင်ခြင်းကိုဆိုလိုသည်...

၃...အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း

   အိမ်ထောင်ရေးပြစ်မှုတွင်သာမာန်ပြစ်မှု  ၁..ရက်စက်မှု ၂..လင်ဖောက်ပြန်မှု(တလင်တမယားဥပဒေဖြင့်အရေးယူနိုင်)..၃..ဒုတိယမယားယူမှု(တလင်တမယားဥပဒေဖြင့်အရေးယူနိုင်)..၄...စွန့်ပစ်မှု..၅..လည်ဆယ်မှု

၁..ရက်စက်မှု

   ဥပဒေအရရက်စက်မှုဆိုရာဝယ် ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းများပါဝင်သည်...အချို့သောစိတ်ဒုက္ခခံစားမှုဆိုသည်မှာရိုက်နှက်သည်ထက်ပင်ဆိုးဝါးစေသည်..စိတ်၏ဆင်းရဲခြင်းဖြစ်အောင်ရက်စက်မှုပြုလျှင်လည်းကွာရှင်းခွင့်ရနိုင်သည်..[မစ္စစ်ပရုတီမာဂို့နှင့်ဘီမာလန်ဒူးဂို့ ၁၉၆၃]
လင်ဖြစ်သူကတကြိမ်တခါပင်ရက်စက်မှုကျူးလွန်စေမှုကွာရှင်းခွင့်ရှိပေသည်...[မောင်ငွေစန်းနှင့်မကြီး..အေအိုင်အာရ်]

၂လင်ဖောက်ပြန်မှု

လင်သည် KTV သို့သွားရောက်ပျော်ပါးရ်ျရရှိလာသောကာလသားရောဂါကူးစက်လာခြင်းမှာဖောက်ပြန်မှုကိုဖော်ပြရ်ျကွာရှင်းခွင့်ရမည်...

၃..ဒုတိယမယားယူမှု

  ယနေ့ခေတ်တွင်တလင်တမယားဥပဒေအရ အရေးယူနိုင်သည်..

၎စွန့်ပစ်မှု

  လူမေးများသောပြသနာပါ..လင်သည်မယားအားလည်းကောင်း..မယားသည်လင်အားလည်းကောင်းအချိန်ကာလအပိုင်းအခြားတခုအဆက်အသွယ်မပြုပဲစွန့်ပစ်ထားလျှင်ကွာလိုခွင့်ရရှ်ိမည်ဖြစ်သည်...မယားကလင်ကိုမလိုဟုဆင်းသွားရင် သုံးနှစ်...လင်ကမယားမလိုဟုဆင်းသွားလျှင် တစ်နှစ် ထင်းတချောင်း..ငွေတချပ်..သက်ဆိုင်ရာဆွေးမျိုးများနှင့်မဆက်သွယ်လျှင်ကွာလိုခွင့်တောင်းခံနိုင်သည်..[ချစ်တီးရားကုန်တိုက်နှင့်ဦးမောင်ကြီး၁၄ ရန်ကုန်၃၂၉

၅..လည်ဆည်မှု

   ယခုခေတ်တွင်တလင်တမယားဥပဒေအရအရေးယူနိုင်သည်

၆မယားဖောက်ပြန်မှု

ယခုခေတ်တွင်တလင်တမယားဥပဒေအရအရေးယူနိုင်

၇..ကြီးလေးသောရက်စက်မှု

လင်သည်မယားကိုချစ်ရ်ျမဟုတ်..ပစ္စည်းကိုလိုချင်ရ်ျလက်ထပ်ခြင်းဟုပြောဆိုခြင်း..အများရှေ့အရှက်ကွဲအောင်ပြုမူခြင်း..မကြာခဏရိုက်နှက်ခြင်း ပြုလျှင်ကွာရှင်းခွင့်ရပေမည်...

          လေးစားစွာဖြင့်

  Adminများကိုယ်စား

No comments: