Saturday, July 2, 2016

လင်မယားကွာရှင်းမှုနှင့်ပစ္စည်းခွဲဝေရေး

   မြန်မာဗုဒ္ဓဘာသာလင်မယားတွင်လက်ထပ်ပေါင်းသင်းနေစဉ်ပစ္စည်းအရပ်ရပ်ကိုခွဲဝေရန်မည်သူ့မှတရားစွဲခွင့်မရှိပါ...

                          လင်နှင့်မယားသက်ဆိုင်ရာပစ္စည်း

   လင်နှင့်မယားသက်ဆိုင်ရာပစ္စည်းခုနှစ်မျိုး

၁..ပါရင်းပစ္စည်း...လင် သို့ မယားလက်ထပ်ချင်းမပြုမီအချိန်ကပိုင်ဆိုက်ခဲ့သောပစ္စည်း သို့မဟုတ် ဒုတိယအိမ်ထောင်တည်ထောင်သူများပထမအိမ်ထောင်နှင့်ပြတ်စဲပီးနောက် ကျန်ရှိသည့်ပစ္စည်း...

၂..အထက်ပါ...အိမ်ထောင်ကျပီးသူ လင် သို့မဟုတ် မယား အိမ်ထောင်ဟောင်းမှ အိမ်ထောင်သစ်သို့ပါလာသောပစ္စည်း...

၃..ခန်းဝင်ပစ္စည်း..မင်္ဂလာဆောင်ချိန်တွင်မိဘဆွေမျိုး မိတ်ဆွေများလက်ဖွဲ့ပစ္စည်း....[လူကလေးနှင့်မောင်စိန် ၆ အယ်ဘီအာ]

၎..မင်းပေး...ထိမ်းမြားချိန်တွင် အစိုးရကပေးသောပစ္စည်း...ယနေ့ခေတ်တွင်မရှိတော့ပါ..

၅...လက်ထပ်ပွား..လက်ထပ်ချိန်မှစပြီးလင်နှင့်မယားရှာဖွေခဲ့သောပစ္စည်း...လက်ထပ်ပွားပစ္စည်းနှစ်မျိုးရှိသည်

    လင်သို့မဟုတ် မယားတဦးတည်ရှာဖွေခဲ့သောသာမန်လက်ထပ်ပွားပစ္စည်း..

  လင်သို့မဟုတ် မယားတဦးတည်း မိဘများထံမှအမွေရသော အမွေရလက်ထပ်ပွားပစ္စည်း[ဦးဖေနှင့်မောင်ဃ ၁၀ရန်ကုန် ၂၆၁(၂၆၈)

၆..နှစ်ပါးစုံပစ္စည်း...လင်မယားနှစ်ဦးကြိုးပမ်းအားထုတ်ရှာဖွေမှုဖြင့်ရရှိသောပစ္စည်း..

၇..သင်းသီးပစ္စည်း ..လင်သို့မဟုတ် မယားတဦးတည်းသီးခြားပိုင်ပစ္စည်း...ယခုခေတ်တွင်မရှိတော့ပါ..

                လင်နှင့်မယားတို့ပစ္စည်းအကျိုးခံစားခွင့်...

၁ပါရင်းပစ္စည်း...မြန်မာဓလေ့ထုံးတမ်းဥပဒေအရပါရင်းပစ္စည်းကိုခင်ပွန်းကသုံးပုံတပုံရပြီး...ပါရင်းပစ္စည်းယူဆောင်လာသူပသုံးပုံနှစ်ပုံရသည်[ချစ်တီးကုန်တိုက်နှင့်မောက်သာလှိုင်]

၂..အထက်ပါပစ္စည်း...လင်နှင်မယားအချိုးကျခံစားခွင့်ရသည်

၃..ခန်းဝင်ပစ္စည်း..လင်နှင့်မယားအညီမျှခံစားခွင့်ရသည်...

၎..လက်ထပ်ပွား..သာမာန်လက်ထပ်ပွား...လင်နှင့်မယားအညီအမျှရသည်..အမွေရလက်ထပ်ပွားပစ္စည်း..အမွေရယူဆောင်သူကနှစ်ပုံ.ကျန်သူကတပုံ..

၅နှစ်ပါးစုံ...လင်နှင့်မယားအညီမျှရသည်..

၆..မင်းပေး..ယခုခေတ်တွင်မရှိ

၇..သင်သီးပစ္စည်း...ယခုခေတ်တွင်မရှိ

              လေးစားစွာဖြင့်

  Adminများကိုယ်စား

No comments: