Sunday, July 10, 2016

အမြန်လမ်းဘေး၌ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ပေါ်တော်မူ ----------------------------------------------------

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၂၉၈ / ၆နှင့် ၂၉၈ / ၇ အကြား မန္တလေးမှ ရန်ကုန်ဘက်သို့ အသွားလမ်း သင်ပုန်းတံတားအနီး အမြန်လမ်းဘေး မြေသားလမ်းလျှို အတွင်းမှ ဗုဒ္ဓရုပ်ပွါးတော် တစ်ဆူကို ဇူလိုင်လ ၉ ရက် ည ၉ နာရီခန့်က ဖူးမျှော် တွေ့ရှိရကြောင်း သီးကုန်းအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရုပ်ပွားတော်မှာ ဉာဏ်တော် အမြင့် နှစ်ပေ၊ ခြောက်လက်မ၊  ပလ္လင်တော် ခြောက်လက်မရှိ အင်္ဂတေဖြင့် ပူဇော် ပြုလုပ်ထားသော တင်ပလ္လင်ခွေထိုင်တော်မူ ရုပ်ပွားတော်ဖြစ်ပြီး သီးကုန်းအမြန်လမ်း ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက တူးဖေါ်၊ ဖူးမျှော်ကာ သီးကုန်းအမြန်လမ်းရဲစခန်း (မိတ္ထီလာမြို့နယ် ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင် - ၂၈၄ / ၄)တွင် ပင့်ဆောင် အပူဇော်ခံ ထားရှိကြောင်း ယင်းစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ - သီကုန်းအမြန်လမ်းရဲစခန်း

No comments: