Friday, July 1, 2016
လမ်းပိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင် ရွက်နေခြင်းကြောင့် နေ့စဉ်နှစ်နာရီ ကြာလမ်း ပိတ်ထားသော မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်းအား ဇူလိုင်လ အတွင်းပုံမှန်ပြန်လည်ဖြတ်သန်းခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်(မြောက် ပိုင်း)နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ် တွင်း လမ်း ပိုင်းသည် မိုးများရွာသွန်း ခြင်း၊ တောင်ကျချောင်းရေ များ ကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ် ခဲ့ပြီး ယင်းလမ်းပိုင်းအား ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများကို ဆောင် ရွက်ရန်အတွက် ဇွန် ၂၆ ရက်မှ စတင်၍ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ ခေတ္တလမ်း ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက " ဂုတ်တွင်းလမ်းကမပြုပြင် ဘဲထား ရင် ပိုဆိုး ကုန်မှာ။ အခုလိုတစ်နေ့ နှစ်နာရီလမ်းပိတ်ပြုပြင်တာက ကား တွေအတွက်အခက်အခဲတွေ့တယ် လို့တော့မဆိုနိုင်ဘူး။ အရင်က ဆို ငါးရက်လောက်ထိ လမ်းပိတ်တာ တွေရှိဖူးတယ်။ လမ်းပိုင်းပြုပြင်တာ ကဘယ်တော့ပြီးမယ်ဆို တာ အတိအ ကျမသိရသေးပေမယ့် ဇူလိုင်လထဲ မှာတော့ လမ်းပြုပြင်တာပြီးနိုင်တယ်။ လမ်းပြုပြင်ပြီးတာနဲ့ပိတ်တာမရှိဘဲ ပုံ မှန်ဖြတ်သန်းနိုင်မှာပါ" ဟုပြောသည်။
အဆိုပါ ဂုတ်တွင်းလမ်းပိုင်းပြု ပြင်ထိန်းသိမ်းခြင်းလုပ်ငန်းသည် ဇူ လိုင်လအတွင်းပြီးစီးကာ ပုံမှန်ပြန်လည်ဖြတ်သန်းခွင့် ရရှိနိုင်မည်ဖြစ် ကြောင်းနှင့် ယာဉ်များအနေဖြင့်လည်း အဆင်ပြေစွာသွားလာနိုင်မည်ဖြစ် ကြောင်း သိရသည်။ အဝေးပြေးကုန် စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း(မူဆယ်)မှ ဥက္ကဋ္ဌဦး ၀င်းအောင်ခန့်က " ဂုတ်တွင်းလမ်း ပိုင်းက ကားတွေသွားရတာ အဆင် သိပ်မပြေဘူး။ အကွေ့အကောက် များတော့ နောက်တွဲယာဉ်တွေအ တွက် အန္တရာယ်များလွန်းတယ်။ ဟိုး အရင်ရက်တွေက တောင်ကျချောင်း ရေတွေနဲ့ မိုးများခဲ့တာတွေကြောင့် လည်း လမ်းကပျက်စီးထားတယ်။ ကား တွေဘီးချော်တာ၊ ကန့်လန့်ဖြတ်တာ၊ တိမ်းမှောက်တာတွေလည်း ခဏခဏ ဖြစ်တယ်။ လမ်းကမပြင်ရင်မဖြစ်တဲ့ အနေအထားကြောင့် သက်ဆိုင်ရာ ဌာနက နေ့တိုင်းမွန်းတည့် ၁၂ နာရီ ကနေ မွန်းလွဲ ၂ နာရီအထိ လမ်း ပိတ်ပြီး ကတ္တရာခင်းလမ်းပြုပြင်တာ တွေလုပ်နေတာပါ" ဟု ဇွန် ၃၀ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
အဆိုပါဂုတ်တွင်းလမ်းပိုင်းအပါအ၀င် မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ လမ်းပိုင်းများသည် မိုးရာသီတွင် ကားလမ်းချော်ခြင်း၊ လမ်းပျက်စီးခြင်း၊ ယာဉ်တိမ်းမှောက် ခြင်းစသည်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်တတ်ခြင်းကြောင့် ယင်းလမ်း မကြီးကို အသုံးပြုသွားလာရသောခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ် များအနေဖြင့် သွားလာရေးအဆင် ပြေလွယ်ကူစေရန် ယင်းလမ်းမကြီး တွင် အကောင်အထည်ဖော်ဆောက် လုပ်မည့် လေးလမ်းသွားအမြန်လမ်း အား အမြန်ဆုံးအကောင် အထည် ဖော်တည်ဆောက်ပေးစေ လိုကြောင်း နှင့် ယာဉ် များအနေဖြင့်လည်း ၂၄ နာရီပတ်လုံးအဆင်ပြေပြေ သွားနိုင် ရန်ဆောင်ရွက်ပေးစေလိုကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
TEEP
Democracytoday
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 1, 2016
မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်းကို ဇူလိုင်လအတွင်း ပုံမှန်ပြန်လည်ဖြတ်သန်း ခွင့်ရရှိမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment